ရွှေဘိုအလှ မေပျိုနှမရေ
ချစ်တာတွေကို လွမ်းကဗျာစီလို့
အလွမ်းလေးတွေပြေကြပါစေ
ချစ်တာတွေကို လွမ်းကဗျာစီလို့
အဝေးရောက်လို့ လွမ်းစိတ်ပိုထား
ချစ်ကညှာ မေတစ်ပါးသိပါစေ
လွမ်းစာတွေဆင့် လွမ်းရရက်များ
လမှနှစ်ချီ ကြာပြီမောင်တဲ့
မမြင်မတွေ့ မောင်မမေ့ပါဘူး
ချစ်သူစကား အမြဲကြား
အရမ်းလွမ်းတယ် တစ်အား ♥
မုသားမသုံး အချစ်ဆုံးနော်
မောင်လည်းမကြာ ပြန်ခဲ့မှာပါ
ပါးပြင်မို့မို့ မျက်ရည်မစို့နဲ့
ချစ်သူမျက်ရည် ကြွေကြမှာဆိုး
အသဲထဲလှိုက် လွမ်းစဲခိုက်ဝယ်
ရေးကာပို့ထား လွမ်းကဗျာများကို
လွမ်းစိတ်ပြေစေ ဖတ်ကာနေပေါ့
မေတ္တာစေထား ချစ်ကညှာမေတစ်ပါးမို့
ထပ်ပြောမယ်နော် မငိုနဲ့နော် ♥
လွမ်းတယ်တဲ့မောင် ချစ်သူစာလွှာ
ဖတ်ရကာမှ နဂိုကမှ
လွမ်းနေသူကို ဘယ်အညိုးနဲ့များ
ကိုရွှေမိုးက သည်းသည်းလို့ရွာ ♥
ချစ်ကညှာ မေတစ်ပါးသိပါစေ
လွမ်းစာတွေဆင့် လွမ်းရရက်များ
လမှနှစ်ချီ ကြာပြီမောင်တဲ့
မမြင်မတွေ့ မောင်မမေ့ပါဘူး
ချစ်သူစကား အမြဲကြား
အရမ်းလွမ်းတယ် တစ်အား ♥
မုသားမသုံး အချစ်ဆုံးနော်
မောင်လည်းမကြာ ပြန်ခဲ့မှာပါ
ပါးပြင်မို့မို့ မျက်ရည်မစို့နဲ့
ချစ်သူမျက်ရည် ကြွေကြမှာဆိုး
အသဲထဲလှိုက် လွမ်းစဲခိုက်ဝယ်
ရေးကာပို့ထား လွမ်းကဗျာများကို
လွမ်းစိတ်ပြေစေ ဖတ်ကာနေပေါ့
မေတ္တာစေထား ချစ်ကညှာမေတစ်ပါးမို့
ထပ်ပြောမယ်နော် မငိုနဲ့နော် ♥
လွမ်းတယ်တဲ့မောင် ချစ်သူစာလွှာ
ဖတ်ရကာမှ နဂိုကမှ
လွမ်းနေသူကို ဘယ်အညိုးနဲ့များ
ကိုရွှေမိုးက သည်းသည်းလို့ရွာ ♥
No comments:
Post a Comment