ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, November 9, 2012

မေတ္တာ


ဆုံလေသမျှ ဤဘုံဘဝဝယ်
လိုက်လျောညီထွေ နေကြပါလေ
လောကဓံသဘော ပြောပြန်စောရင်
လူသားဟူသမျှ ကြုံတွေရမည့်
နိမ့်သည် မြင့်သည် ပျိုသည် ရွယ်သည်
ဇရာ အခင်း အိုခြင်း သေခြင်း
မမြဲသော တရား
လွန်ဆန်နိင်လား
စိမ့်စမ်းေ၇အတည် ကြည်လင်အေးမြ
မေတ္တာသဘောက ဘယ်ခါဇရာ
ရှိပါမလား
မေတ္တာချစ်ခြင်း ဇရာကင်း၍
မယွင်းမဏ္ဍိုင် သစ္စာပြိုင်လို့
ပြေလျော့ကာထား ကြိုးများသို့လေ
လှပျိုညွတ်ပြောင်း ရွယ်အိုပြောင်းလည်း
မဟောင်းနွမ်းဘဲ ရှေသို့ထာဝစဉ်
နုပျိုလေပြီ
လှပျက်ယိုယွင်း အိုမင်းသွားစေ
ဆံခြည်တစ်ဖြူ မြူတစ်မူံမျှ
ရွေလျော့ကာမသွား
မောင့်မေတ္တာ တရားသည်
မေ့အပေါ်မှာတော့ အသင်္ချေပါလေးးးးးးးးးးးးးးးးး

No comments:

Post a Comment