ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 20, 2012

လွမ်းနေပါတယ် ညီမလေး ရယ်


သတိရတယ် ညီမလေးရယ်
အလွမ်းနဲ့ သီးသန့် ကမ္ဘာခြားနေတဲ့
အကို့ ...ရင်မှာ.....
ညီမကို မြင်တော့မှ
စိတ်တွေလည်း...နွမ်း
အိပ်မက်တွေလည်း...ပန်း
အသည်းတွေလည်း ကျွမ်းရပြီ....။
ကြိုတွေးမြင်မရ၊ ရင်အမောက
ပြောမပြသာ၊ သောကမှာ...နစ်

အလွမ်းမြစ်ထဲ၊ လွင့်လျက်ဝဲလို့သတိရမြဲ...တမ်းတဆဲမှာ
ခွဲရ ရက်တွေ ကြာလွန်းတာ....။
အလွမ်းလှိုင်း.....ထိ
နွမ်းမှိုင်း....မိလည်း
မျှော်တဲ့ အလုပ်...သေချာလုပ်လို့
လက်ချိုးရက်ရှည်....ဆွေးလျက်ဖြေသည်
အိပ်မက်ထဲမှာ တွေ့တော့မည်......။

No comments:

Post a Comment