
ဂိမာန်ချိန် ခါနွေဆန်း လန်းစီစီပါ မေ
မုံရွှေဝတ်ကယ် တိမ်ပန်းချီ
ရာသီပန်းတို့က လှမ်းထုံလို့တင့်ဝေ
တောင်ပြန်လေးသင်း စော်သွင်းကာမလေ
ပိတောက်ကယ် ခိုင်ညှာတွေ
ထက်ပင်ယံဖျားဆီက
ပြန့်သင်းရနံ့တွေ လိုင်လိုင်ကြူနေ
နှစ်ဦးအတာသင်္ကြန် ပုရစ်ဖူးနှယ်
ညှာတံဝေ ပိတောက်ဖူးတွေပါမေ
ခါနွေနှစ်ဦးဝယ်
မောင့်စိတ်အစဉ်က
နွေးဦးတေးသံလေးတွေ
ကြားမြဲကြားနေ
သြဩောတေးသံ နဲ့အတူ
ဆွေးမြဲဆွေးပြီ
သင်္ကြန်မိုးပြေးတွေက
အေးမြဲအေးနေ
မြူးကြွလှပ ဒီအချိန်ခါမလေ
လွမ်းသမျှတွေကို
ပြေပျောက်စေမဲ့
ဩော် ပန်းအလှေ၇ွှ ပိတောက်တွေက
ပွင့်နေပါပြီ မေးးးးးးးးးးးးးးးးးးးးးးးး
No comments:
Post a Comment