
နှစ်သိမ့်တဲ့..တေး
နှုတ်ဆက်တဲ့..အနမ်း
ထားခဲ့တဲ့...အလွမ်းတွေကြားမှာ
ကိုယ်ဘယ်လိုရပ်တည်နေသလဲ.....
မင်းမသိနိုင်ဘူး
မသွားပါနဲ့လို့...တားပိုင်ခွင့်မရှိတဲ့
ကိုယ့်နှလုံးသားထဲမှာ
ဘယ်လောက်နာကျင်ဆို့နစ်နေမလဲ.
.မင်းမသိနိုင်ဘူး
နွေးထွေးတဲ့...ရင်ခွင်တစ်ခုရဲ့အဝေးမှာ
မင်းဘယ်လိုရပ်တည်နေသလဲ..ကိုယ်မသိနိုင်ဘူး
ချစ်သူရယ်...
ဘယ်ဆီဘယ်မှာမသေချာတဲ့.
.ဆုံနိုင်ခွင့်တစ်ခုကိုမျှော်လင့်ရင်းနဲ့
တွေ့ကြဖို့မဖြစ်နိုင်တဲ့အခါ...
နီးဆပ်ဖို့ကိုလဲမစွမ်းဆောင်နိုင်ခင်မှာ
ကိုယ့်အတွက်တော့....မင်းဓါတ်ပုံလေးကသာ
အလွမ်းဖြေစရာပါ......
ချစ်ညီမငယ်လေးပုံလေးပါ
No comments:
Post a Comment