နေရောင်ခြည်ဖွေး
ရွှေခြည်သွေးနှယ်
လှပုံရယ်ဆန်း ဧရာကမ်းဝယ်
ငွေဇင်ယော်လေးတွေ ဝဲပျံလေသော
တစ်ခါတုန်းဆီက အတိတ်ရဲ့ညမှာ
မောင့်ရင်ခွင်ထဲ သာခဲ့ဖူးတဲ့
လမင်းငယ်ရယ်းးးးးးးးးးးး ဘယ်ဆီကိုမှန်း မျှော်နေတမ်းရင်း
မျက်ရည်ရယ်ဝိုင်း အရာရာတိုင်းဟာ
မင်းရဲ့အရိပ်တွေ ဖြစ်ဖြစ်လေတော့
နေရဉ္စာရာချောင်းခြား ပုံပြင်စကားလေးလို့များ
တို့တတွေက ဖြစ်နေပြီလား
ရေပြင်ဖွေးဖွေး လေအေးအေးဝယ်
ကြာဖြူကြာနီ ဖြိုင်ဖြိုင်ညီလို့ သဲပုံစေတီ ဦးခိုက်စဉ်က
ဆယ်ကမ္ဘာတိုင်တိုင် ပေါင်းရစေဖို့
ပန်ဆုခြွေထား တို့စကားများသည်
အရိပ်မဲ့ကမ္ဘာ အတိတ်ခြေရားအလား
ငွေသောင်ယံခြား ကမ်းစပ်များမယ်
ကံကြမ္မာရဲ့လိုင်း ပုတ်ခတ်တိုင်းတော့
လွင့်စင်ပျောက်ပျက် ဖြစ်ရပြီပေါ့
ဇေယာကမ်းက လွမ်းရသူမယ်းးးးးးးးးးးးးးးးးး

No comments:
Post a Comment