ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, November 9, 2012

ဟေ မာန် ဆောင်း


မူံရီဝေဝါး နှင်းများကြားဝယ်
တရံတခါဆီသို့ မျှော်ရည်မှန်းစ
တမ်းတမိပြီ ဆောင်းတစ်ညဆီ
ရင်ထဲကဆူ နွေတစ်ရာပူတယ်
လိုက်ကာအသည်း ရိုက်ကာဘဲ
ကျွမ်းတော့လည်း လွမ်းကဗျာစာဆင့်
ကမ်းလင့်မိပြီ ဒီဆောင်းေ၇ာက်ရင်
ဘယ်လို့ဖြေဖြေ မပြေနိင်ဘူး
ဘယ်လို့ခေါ်ခေါ် မကြားနိင်ဘူး
ထုံးဖြူဖြူဖွေး အုတ်ဂူလေးမယ်
လဲလှောင်းမှိတ်စက် အိပ်ခဲ့ပြီပေါ
နှင်းတွေလည်းဝေ ဆောင်းေ၇ာက်ရင်လေ
ပင်လုံးထက်ခိုင် ပွင့်ကြမြိုင်သည့်
သဇင်ဖွေးဖွေး ခရေလေးတွေ
မောင် ဘယ်သူပေးမလည်း
ပန်ဆင်သူမဲ့ ကိုင်းဖျားထက်မှာ
ကြွေကြရှာပြီ ဆောင်းရာသီရယ်
မြင်ယောင်နေတယ် စိတ်အတွေးနဲ့
ထင်ယောင်နေမိ မင်းသဏ္ဍန်မင်းအရိပ်
အတိတ်ပန်းချီကား ခပ်ဝါးဝါးကို
စိတ်အစဉ်မှာလည်း နှင်းစက်ကြွေကြ
မြေခသည့်နှယ် မောင့် အလွမ်းတို့လည်း
ဆောင်းနဲ့အတူပါ
ချစ်သူ ရယ်းးးးးးးးးးးးးးးးးးးးးး

No comments:

Post a Comment