ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, November 26, 2012

♥♥ အဝေးက ချစ်သူ ♥♥

 
အပေါ်ယံလွှာ အလှတရားတွေထက်

နှလုံးသားထဲက အချစ်တွေကို

ပိုမိုမြတ်နိုးမိတဲ့ အယုံလွယ်သူ

မောင့်ကိုမှ အလှပဆုံး ပုံပြင်တွေ

ဖန်တီးပြလို့ နားချသွားခဲ့သူရယ် 

တစ်ကယ်တမ်းတော့ အလှအပတွေကြားမှာ

မင်းရင်တွေယိမ်းယိုင် နှလုံးတစ်ဆုံလုံး

မင်းစတေးလို့ မောင့်နဲ့အဝေးဆုံးကိုတောင်

မင်းထွက်သွား ရက်တယ်နော်

ဒါပေမယ့်လည်း မင်းကိုအပြစ်မမြင်

အပြစ်တွေလည်း မတင်မိပါဘူး

ယနေ့ထက်တိုင် မင်းကိုတမ်းတ

သတိရလွမ်းတဲ့ စိတ်တွေနဲ့

ချစ်နေစဲပါ အဝေးကချစ်သူရယ် ♥♥

No comments:

Post a Comment