
တိမ်ရိပ်တွေမှောင် လေ၇ာင်ဖွေးဖွေး
ကြယ်ရောင်မဆုံ မြူမုံတဲ့
ညကမ္ဘာမှာ
ပန်းများရိုက်သံ သဲ့သဲ့ပင်ကြား
အလွမ်းဓာတ်ခံ မကောင်းသူမို့
ဘယ်ဆီကိုများ လွမ်းရပါမည်
ရှေ့တခွင့်သို့သာ ကြည့်နေမိပြီ
ပန်းလိပ်ပြာတွေ နားစွင့်နေမလား
သစ်ရွက်ကြွေသံ မေ့ခြေသံလား
ှုငှက်ငယ်အော်သံ မေ့ခေါ်သံလား
မေးဖျားကကြ မောင့်မျက်ရည်စတွေ
မမြင်ရှာနိင်သူ ရင်မှာပူလို့
စိတ်ကဝေဝါး စိတ်ကထွေပြား
မရေရာတဲ့ အကြင်နာမပါတဲ့
ဝင်္ကပါ ည တွေပါ ချစ်သူရယ်
No comments:
Post a Comment