ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, November 26, 2012

♥♥ အဝေးက ချစ်သူ ♥♥

 
အပေါ်ယံလွှာ အလှတရားတွေထက်

နှလုံးသားထဲက အချစ်တွေကို

ပိုမိုမြတ်နိုးမိတဲ့ အယုံလွယ်သူ

မောင့်ကိုမှ အလှပဆုံး ပုံပြင်တွေ

ဖန်တီးပြလို့ နားချသွားခဲ့သူရယ် 

တစ်ကယ်တမ်းတော့ အလှအပတွေကြားမှာ

မင်းရင်တွေယိမ်းယိုင် နှလုံးတစ်ဆုံလုံး

မင်းစတေးလို့ မောင့်နဲ့အဝေးဆုံးကိုတောင်

မင်းထွက်သွား ရက်တယ်နော်

ဒါပေမယ့်လည်း မင်းကိုအပြစ်မမြင်

အပြစ်တွေလည်း မတင်မိပါဘူး

ယနေ့ထက်တိုင် မင်းကိုတမ်းတ

သတိရလွမ်းတဲ့ စိတ်တွေနဲ့

ချစ်နေစဲပါ အဝေးကချစ်သူရယ် ♥♥

♥♥ မင်း မရှိ တဲ့ ကမ္ဘာ ♥♥

 
တိုက်ဆိုင်မူတွေ ရှိတဲ့အခါ လွန်လွန်ကဲကဲ

သတိရတက်သလို

တိုက်ဆိုင်မူတွေ မရှိတဲ့အခါမှာလည်း

ချစ် ကိုလေ

လွမ်းတဲ့စိတ်က ထိန်းချုပ်လို့မရခဲ့ပါဘူးဟာ

မောင်အကြိမ်ကြမ် ဆုတောင်းမိတာက

မောင် ချစ် ကိုချစ်တဲ့

အချစ်တွေဟာ အလွမ်းတွေရဲ့

အနိုင်ယူမူတွေကို ခံယူဖို့အတွက်

မမွေးဖွားရပါစေနဲ့ ချစ် ကိုလွမ်းတဲ့

အလွမ်းတွေရယ် ချစ် ကို

သတိရလို့ ကြတဲ့မျက်ရည်တွေရယ်

အဲဒါတွေကင်းတဲ့

အမုန်းကမ္ဘာ တစ်ခုကို ချစ်နဲ့ထပ်တူ

မောင်ရခြင်တယ် ကွာ


¤´¯`-´¯`¤♥ ချစ် သူ သိ စေ ♥ ¤´¯`-´¯`¤


Saturday, November 24, 2012

♥♥♥ ချစ် ရ သော ချို ♥♥♥

»-(¯`v´¯)-» နှင်းတွေဝေပြီဆောင်း »-(¯`v´¯)-»

♥♥♥ ဝေး ခဲ့ ပြီ မေ ♥♥♥

Thursday, November 22, 2012

»-(¯`v´¯)-» လမ်း ခွဲ »-(¯`v´¯)-»

♥♥ သော့ခက်လိုက်ပြီ ♥♥

Tuesday, November 20, 2012

♥♥ ကွဲစမ်း ဟတ်တက် ♥♥

ငါအသဲတွေ ကွဲနေခဲ့တယ်

မိုးတွေကလည်း သဲနေလိုက်တာ

လွန်ပါရောလား မိုးရွာထဲမှာ

ထီးကလေးတစ်လက် အဖော်မဲ့လို့

ငါအခန်းထဲ ဂျောင်လေးတစ်ခု

သူအဖော်ပြုလို့ အားငယ်နေတယ် ♥


ဒီအချိန်ဆို နင်ရှိနေမလား

ဆိုတဲ့ ဆိုတဲ့ အတွေးတွေနဲ့

လျှောက်ခဲ့ဘူးတဲ့ မြေနီလမ်း

ခုတော့ကြမ်းပြီ ရင်ခွင်ထဲက

မုန်တိုင်းမီးကို ဘယ်သူများငြိမ်း

ဘယ်လို့ဇတ်သိမ်း ကံကော်ပင်တန်း

ရင်ခွင်နန်းက နင်လေထွက်သွား

ငါးစိမ်းမြင်လို့ ငါးကင်ပြစ်

အဲတာလား နင်အချစ် အဟတ် ♥


ပြောတော့လည်း တစ်မိုးအောက်မှာ

တစ်ယောက်ထဲ မဖောက်လွဲလို့

ဂျောက် ထဲဘဲ ဆင်းရဲတယ်တဲ့

ခုတော့ ဒီစကား နားဝမှာ ခါးခါးလှတယ်

ခတ်တယ်ဟာ ငါတို့တွေများ

ကျူဖို့ထားလို့ နင်ကမိန်းကလေး

လူတစ်ကာ အထင်မသေး

မသေးစေခြင်ဘူး အွန်လိုင်းမှာဖြစ်

အပြင်မှာဘဲဖြစ် အပျော်မချစ်

အသစ်မရှာ နေတက်ပါစေဟာ ♥♥


မည်သူကိုမှ မရည်ရွယ်ပါ အဟတ် အသဲကွဲလို့ ရေးခြင်သလို့ရေးလိုက်တာ လွန်တာရှိ ဝန်တာမိ ခ်ခ်မွမွ

♥♥♥ Chitphoo Lar ♥♥♥

သစ္စာပန်းတွေ ကြေကွဲမနွမ်း

မဖြေလည်းလွမ်း ဖြေလည်းလွမ်းရင်း

လွမ်းရကြောင်းကို လွမ်းစာစီလို့

ရေးပို့ကြံရွယ် စိတ်ကူးမိတယ်


မြူမူံဝေကင်း ဆောင်းညတွင်းမှာ


သူနဲ့ဆုံတွေ နေ့တစ်နေ့ကို


မှတ်မိသေးလား ချစ်သက်ထားရေ


သူကိုလေမြင်ကတည်း ရင်ထဲမှာလည်း


ခုန်လိုက်တာ ရထားအလား


မိုးချိန်းသံရူံး အချစ်ဆုံးရေ


အိပ်မလို့ကြံ သူရုပ်ဟန်ကို


မြင်ပြန်တော့လည်း အိပ်လို့မရ


အရိပ်မြင်ရာ သူရုပ်လွာက


ရင်တွင်းပိုက်ထွေး အတွေးများနဲ့


လွမ်းလို့ဝဘူး ချစ်ဦးသူကို


ရင်တွင်းတံခါး ဖွင့်ကာထားလို့


မြင်အောင်ဝင်ကြည့် စနာသိက


မေးလိုက်စမ်းခြင်ပါရဲ့ မောင့်ကိုလေ


♥ chit ♥ phoo ♥ lar

မဖြေသာအလွမ်း

လွမ်းတယ်လို့မပြောတော့ပါဘူး

လွမ်းကဗျာတွေလည်း

မရေးခြင်တော့လို့ပါ ချစ်သူရယ်

လွမ်းတေးတစ်ပုဒ်တော့

ရင်ဖွင့်မိပြီပေါ့ဟာ

ငါ့အသည်းတွေ မခိုင်လို့နွမ်း

လွမ်းတိုင်းလည်း ကျွမ်းရသူမို့

နင့်ပုံတွေနဲ့ နင့်ရဲ့စာတွေကိုလေ

ရင်မှာသိုသိပ် တိတ်တိတ်ကလေးဘဲ

သိမ်းထားပါမယ့် ချစ်သူးးးးးးးးးးးးးးး


နင့်ရဲ့မကြင်နာ အမုန်းဆူးတွေကြောင့်

မချစ်ဘူးတဲ့ အချစ်ရူးလေး

ငါ့ရဲ့အသည်းတွေ ငရဲမီးပမာ

ပူနေပြီလေ အမုန်းခြင်းတော့

မယှဉ်ဝံ့ပါဘူး ချစ်သူ

စာနားသနားသူမို့ မဖြေသာလွမ်းရင်း


်



ဆုတောင်း

အလွမ်းကိုအဖော်ပြု
မောင် ပြုတဲ့ ကုသိုလ်ရယ်
သစ္စာတူတိုင်တည်ထား
မဝေးဘူးယုံသော်ညားလည်း
အနေဝေးတယ်ချစ်သူရယ်
ရေမြေရယ်တစ်ကယ်ခြား
လွမ်းနေမယ် ယုံမလားလို့
အလွမ်းဆို နောင်လာဝေးဘို့
ဆုတောင်းကာ နေတော့မယ်
ချစ်သူရယ်သိစေသား............

အဆိပ်သင့် နှလုံးသား

► ခွဲခွါခြင်းက ငါ့ အတွတ်
ကြေကွဲရမယ် ဆိုရင်
တိတ်တိတ်လေး ခံစားလို.
တိုးတိုးလေးပဲ လွမ်းနေလိုက်မယ် ◄
► အရာအားလုံး အတွတ်
နာကျင်ရမယ်ဆိုရင်တောင်
ဘ၀တခုလုံး နာကျင်ရမှာထက်တော့
ခံသာနေဦး မှာပါ ◄
► အချစ်ကို ၀ိုင်တခုလို ယစ်မူးရင်း
လွင့်မျောလို. ကြည်နူးခံစားခဲ့ဖူးပြီ
သာယာမှုတခုရဲ. နောက်ကွယ်က
ရူးသွပ်မှုတွေ ပါမလာခင်ထိတော့
ငါ မှားယွင်းနေ ခဲ့မိတယ် ◄
► ခုတော့လဲ အမူးပြေသွားတဲ့ သူတယောက်လို
အရာအားလုံး မေ့ပျောက်လို.
အားလုံးကို အဆုံးသပ်
အလွမ်းတွေကို တပ်ခေါက်ရင်း
အနာဂတ် ခြေလှမ်းတခု
အစပြုဖို. အားယူတော့ မယ် ◄

သံယောဇဉ်မလေးရယ်

လွမ်းတယ် သံယောဇဉ်မလေးရယ်

ဘယ်လောက်ပင်ဝေးဝေး

ဘယ်ကမ္ဘာတွေခြားခြား

မမေ့နိုင်ခဲ့ပါဘူး

သံယောဇဉ်မလေးရယ်

မလွဲသာလို့ ပြန်သာပြန်ခဲ့ရတယ်

ရင်ထဲမှာဘာတွေရှိတယ်

ကျန်းခဲ့သူလည်းလွမ်းလို့

ချန်ခဲ့သူလည်းလွမ်းရပြီပေါကွယ်

နောက်တခါတောဆုံတွေခြင်ပါသေးတယ်လေ

သံယောဇဉ်ကောင်မလေးရယ်


သင်္ကြန်မှာ ဆုံတွေ

တကယ်ပင်မမေ့နိင်ခဲ့ပါဘူး

တစ်ရွာသူ

စွဲလမ်းသံယောဇဉ်နဲ့ အသည်းကျွမ်းခဲ့ပြီ
တစ်ရွာသူေ၇ မေ့နိင်ပါဘူး
ဒီကောင့်ရင်မယ် စားသွားဒီစိတ်
အစဉ်သာစိုးမိုး မင်းသဏ္ဍန်
မင်းအရိပ် ယနေ့တိုင်မမေ့နိုင်စဲပါ
တစ်ရွာသူရယ်းးးးးးးးးးးးးးးးးးးးးးးးးးးး
ခဏလေးသာတွေ မမေ့နိုင်ဘူးမေ
လှလွန်းသူေ၇ မျက်လုံးခြင်းတခါဆုံ
ရင်ခုန်ရတာ အမောပါဘဲလေ
မလုံလည်းတဲ့ ကို့အဖြစ်
ယောင်အအနဲ့ပါ
တစ်ရွာသူရယ်းးးးးးးးးးးးးးးးးးးးးးးး
ချစ်ခွန်းခြွေမယ် ကြံရွယ်ရည်စူး
မ၀ံ့ရဲတဲ ကို့ အဖြစ်
ကြောက်အားရယ်ငယ် တစ်ရွာသားမို့ပါကွယ်
တိုးတိုးတိတ်တိတ် ချစ်စိတ်ကိုဘဲ
ရင်မှာသိပ်လို့ ဆုံနိင်ရန်ေ၇း
တွေးလို့သာ ရခြင်ပါတယ်
တစ်ရွာသူရယ်းးးးးးးးးးးးးးးးးးးးးးးးးးးးး

ပြန်လာခဲ့ ပါ ဖေဖေ


ပူစာတဲ့ ၀မ်းေ၇းအတွက်
မနေသာအဖေရယ်
ရှာဖွေကြွေးပါပေါ့
အဏ္ဍ၀ါသေတွင်းနယ်
ရေပြင်ကျယ်ပင်လယ်အတွင်းမှာ
သေမင်းနဲ့ စစ်ပြိုင်ခင်း
ငါခန္ဒာကြွေရင်ကြွေပေါ့
ဇွဲမလျှော့ဘူး တို့အဖေးးးးးးးးးးးးးးး
လိုင်းလုံးတွေထန် မာန်ဖီလာလေတသင်းလည်း
ဘယ်လောက်ပင်ကြမ်းပါစေ
ငွေအဏ္ဍ၀ါ စုန် ဆန် ကူး
ဇွဲမလျှော့ဘူး တို့အဖေးးးးးးးးးးးးးးး
အိမ်ပြန်လာအမောပြေ
မျှော်နေသူဇနီး သားသမီး
မြင်ေ၇ာင်ရင်းစိတ်အစဉ်မှာ
အဖေပြောတဲ့ စကားသံ
လိုင်းကြီးလှေအောက်
ငါမကြောက်တဲ့
ဒီတစ်ခေါက်ခရီး ငါထောက်မငြီးဘူး
အသူရာမင်းက ရက်စက်တာလား
ရိုက်ခတ်တဲ့ လိုင်းကြမ်းတွေအောက်
အရူံးပေးလို့ေ၇ာက်သွားပြီလား
ေ၇ာင်နီနေအနောက်ကျွန်းသို့
ယွန်းတော့မယ်အဖေ
မှောင်ရီဝေ မျက်ဝန်းများနဲ့
ငေးမျှော်နေ အာရုံလာမနက်ခင်းမှာလည်း
မျှော်နေတယ် အဖေ့သားသမီးတွေ
ဩော်
ပြန်လာခဲ့ပါ ဖေဖေးးးးးးးးးးးးးးးးးးးးး

ဤကဗျာလေးဖြင့် ကျေးဇူးရှင်အဖေအား ကန်တော့ပါသည် တိုက်ဆိုင်မူရှိရင်ခွင့်လွတ်ပေးပါနော်

မောင့် တစ်ပွင့်ပန်း


အလှမ်းဝေးတဲ့ ပန်းကလေးတစ်ပွင့်ရယ်
လှမ်းဆွတ်ဖို့ရာ မ၀ံ့သာတယ်
ကြံရွယ်ရည်စူး မောင့်စိတ်ကူးဝယ်
ပင်ထက်နန်းမြင့် ပန်းကလေးတစ်ပွင့်မို့
စိုးရွံ့အားငယ် ဖြစ်နေမိတယ်
အလှကြည့်ရင်း ငေးမောမိလည်း
ရင်ခုန်ရတာ ခဏခဏဘဲလေ
တဒင်္ဂလေး အခိုက်တန့်တွင်းမှာ
မောင့်အသွေးသားတွေ တုန်ခါနေတယ်
မောင့်တစ်ပွင့်ပန်းရယ်းးးးးးးးးးးးးးးး
ဒါကြောင့်မို့ကွယ် အချစ်တွေက
တိုးတိုးလာတယ် ဖွင့်ပြောရန်လည်း
ကြောက်နေမိတယ် မောင်ရွယ်စူးတဲ့
ကျော့မူးသဇင်ရယ်
အနှိမ့်အမြင့် လောကဓမ္မတာပါ
အချစ်ဆိုတာ ဟောင်းနွမ်းဆွေးမြေ့
မရှိနိုင်ဘူး ပို၍ပို၍ သစ်သစ်လာတယ်
မောင့်နှလုံးခုန်သံ စည်းချက်တိုင်းမှာ
ချစ်တယ်ချစ်တယ်တဲ့ ကြာရင်မလွယ်ဘူး
ရူးသွားနိင်တယ်
မောင့်တစ်ပွင့်ပန်းရယ်းးးးးးးးးးးးးးး

ဝသုန်မြေထု သက်သေပြုမယ်
ဘဒ္ဒကမ္ဘာ ပျက်စီးပါလည်း
မယွင်းအချစ် ရင်မှဖြစ်လို့
ကျန်ရစ်သူအဖြစ် မောင့်မဖြစ်ပါနဲ့
မောင့်တစ်ပွင့်ပန်းရယ်းးးးးးးးးးးးးးးးးးးးး

လွမ်းနေပါတယ် ညီမလေး ရယ်


သတိရတယ် ညီမလေးရယ်
အလွမ်းနဲ့ သီးသန့် ကမ္ဘာခြားနေတဲ့
အကို့ ...ရင်မှာ.....
ညီမကို မြင်တော့မှ
စိတ်တွေလည်း...နွမ်း
အိပ်မက်တွေလည်း...ပန်း
အသည်းတွေလည်း ကျွမ်းရပြီ....။
ကြိုတွေးမြင်မရ၊ ရင်အမောက
ပြောမပြသာ၊ သောကမှာ...နစ်

အလွမ်းမြစ်ထဲ၊ လွင့်လျက်ဝဲလို့သတိရမြဲ...တမ်းတဆဲမှာ
ခွဲရ ရက်တွေ ကြာလွန်းတာ....။
အလွမ်းလှိုင်း.....ထိ
နွမ်းမှိုင်း....မိလည်း
မျှော်တဲ့ အလုပ်...သေချာလုပ်လို့
လက်ချိုးရက်ရှည်....ဆွေးလျက်ဖြေသည်
အိပ်မက်ထဲမှာ တွေ့တော့မည်......။

ပိတောက်တွေ ပွင့်ပြီ မေ


ဂိမာန်ချိန် ခါနွေဆန်း လန်းစီစီပါ မေ
မုံရွှေဝတ်ကယ် တိမ်ပန်းချီ
ရာသီပန်းတို့က လှမ်းထုံလို့တင့်ဝေ
တောင်ပြန်လေးသင်း စော်သွင်းကာမလေ
ပိတောက်ကယ် ခိုင်ညှာတွေ
ထက်ပင်ယံဖျားဆီက
ပြန့်သင်းရနံ့တွေ လိုင်လိုင်ကြူနေ
နှစ်ဦးအတာသင်္ကြန် ပုရစ်ဖူးနှယ်
ညှာတံဝေ ပိတောက်ဖူးတွေပါမေ
ခါနွေနှစ်ဦးဝယ်
မောင့်စိတ်အစဉ်က
နွေးဦးတေးသံလေးတွေ
ကြားမြဲကြားနေ

သြဩောတေးသံ နဲ့အတူ
ဆွေးမြဲဆွေးပြီ
သင်္ကြန်မိုးပြေးတွေက
အေးမြဲအေးနေ
မြူးကြွလှပ ဒီအချိန်ခါမလေ
လွမ်းသမျှတွေကို

ပြေပျောက်စေမဲ့
ဩော် ပန်းအလှေ၇ွှ ပိတောက်တွေက
ပွင့်နေပါပြီ မေးးးးးးးးးးးးးးးးးးးးးးးး


♥♥♥ အချစ်စစ် ♥♥♥

သူ ၀မ်းနည်းတဲ့အခါ မင်း
အသည်းကြွေမတတ် ခံစားရသလား
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက်
အပြင်ပန်း မဟုတ်တောင်
စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့
မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး
အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို
လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့
အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့်
သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ
သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့
မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ
ဒါဟာ အချစ်ပဲပေါ့။

Thursday, November 15, 2012

♥♥♥ ရင်ခွင်ပြောင်းသောငှက် ♥♥♥


လွမ်းပိုလေးရေ

မ မ ရေ






တွယ်တာမြတ်နိုး တိတ်တခိုးနဲ့

ကြိတ်ပိုးမိသူ ကျွန်တော့်လိုလူကို

အပြစ်မဖွဲ့ စာနာမသနား

မုန်းပင်ကိုပျိုး မုန်းမိုးတွေမရွာ

ရှောင်ဖယ်ကာမသွား ပြန်ချစ်မှာလား

လှည့်စားသူလို့ မဆိုရက်ပါဘူး

ဓါးထက်ထက်နဲ့ ရင်ခွင်ကိုခွင်း

အသဲကိုမှ ပန်းလိုပန်ပါ

မကြင်ရက်စက် သခင်မရယ်

မရက်စက်ပါနဲ့ နော်

ချစ်ခွန်းခြွေမယ် ကြံရွယ်ရည်စူး

အချစ်ဦးပါ ပြောခွင့်မကြုံ

ရင်ခွင်မြို့သိပ် အိပ်ပျက်ရက်ရှည်

ကြာခဲ့ပါပြီ မမ ရေ

ဒါကြောင့် မ ရေ ကျွန်တော်ရင်ခွင်

တံခါးဖွင့်ကာ ထားလို့

မြင်အောင်ဝင်ကြည့် စာနာသိရင်

ပြန်ချစ်ခွင့်လေး ရချင်တယ်ဗျာ

ရေးတက်ဘူး ပျင်းလို့