ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, October 21, 2012

းးးးးးးးးးးးး နားလည်စမ်းပါ မေ့မေတ္တားးးးးးးးးးးးးး


ဝမ်းကြာဖူးငုံ ပန်းလိုပွင့်စေ
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး ကျေးဇူးကြီးပေ
တို့ မေမေ တွေကလေးးးးးးးးးးးး
ရင်ခွင်မှာထွေး နို့ရည်ချိုအေး
သဒ္ဒါနူတ်ခမ်း ပျားရည်ချိုစမ်း
ဝမ်းတွင်းအေးစေ တိုက်ကြွေးသမု
ချစ်မေမေတိုင်းက အခါခါပြုလို့
ခန္ဓာလွယ်ထား သဌ္ဓေသားကို
ကိုးလပင်လွယ် ဆယ်လပင်ဖွား
ဖွားမြင်မြောက်စေ လူဖြစ်စေ၍
အမေပီတိ ဂွမ်းစည်ထိသမို့
မိုးသို့လွင့်ပြန် ချိမ့်ချိမ့်ညံလေ
ကြိုးပုခတ် ကိုင်လွှဲ မေမေတိုင်းက
နှလုံးလိုက်လို့ သာယာငြိမ့်အေး
သံသာတေးစေ ကြားရနားဝက
နဝင်ချိုချို အချစ်ပိုလို့
စမ်းရကြသံ ဒေါင်းအော်သံအလား
စိတ်အထင်တွေတောင် မှားနိင်ပါတယ်မေမေ
သွေးမှဖြစ်စေ နိုရည်ချိုတွေ
သောက်သုံးသမု ငါတို့ပြုသည်
နို့နှစ်လုံးဖိုး မကြေ နေကြပါစေ
အမေကတော့ အပြုံးမပျက်
အမုန်းလည်း မဖတ်ခဲ့ပါဘူး
နှစ်တွေလည်းပြောင်း အရွယ်လည်းပြောင်းစေ
ငါတို့အမေက အရိပ်တကြည့်
အမြဲလို့ ရှိခဲ့ပါ၏
ဘဝအဆက်ဆက် ဆပ်လို့ကုန်မလား
မေ့မေတ္တာက တရားအသိ
ထားရှိရင်မှာ တစ်သက်တာထာဝရမို့
လက်ဆယ်ဖြာ ထိပ်မှာမိုး
ခြေအဆုံဦးခိုက် ကန်တော့အပ်ပါပြီ
ချစ်မေမေးးးးးးးးးးးးးးး


အမေ့များနေ့အတွက် အမှတ်တရကဗျာလေးပါ ဤ ကဗျာလေးဖြင့်ကျေးဇူးရှင်အမေနှင့်တကွ အမေများအားလုံးသို့ ကန်တော့အပ်ပါသည်

No comments:

Post a Comment