
အရမ်းချစ်ပါ၏
မေတ္တာစေထား
ချစ်ကညာမေတစ်ပါးရေ
အပြင်မှာမတွေ့
(အွန်)မှာတွေ့ပေမယ့်
သစ္စာအချစ်
မေတ္တာစစ်နဲ့
သံယောဇဉ်ဖြိုင်
အကြင်နာလိုင်လို့
ထားသိမြို့သိပ်
အချစ်စိတ်က
ယိုဖိတ်ကာကြ
မောင့်ဘဝမို့
ဩော်
ချစ်ရေ အရမ်းချစ်ပါ၏ပေါ့
ချစ်တာတွေကို စာစီကုံးရင်ဖြင့်
ကိန္ဒရီ ကိန္နရာ တစ်ညတာဝေး
ရက် 700 ပင်ဆွေး
ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ
ချစ်လိုက်ကြတာ မောင့်လည်းလေ
ထို့အတူဘဲ ပမာတင်ကာ
ဖွင့်ဆိုပြော မောင့်ချစ်ခြင်း၏သဘော
မမြင်လည်းကြာ
အနေဝေးကွာ
မမြင်ရက်စက်
တစ်မင်ဖက်လို့
ခွဲကာမသွား
ချစ်မှာလား
အသဲခိုက်တုန်
မောင့်ချစ်အကုန်
လျော့ကာမသွား
ချစ်တယ်တစ်အား
ချစ်စိတ်မွန်လို့
ကြမ်းတယ်ထင်
စိတ်မဆိုးနဲ့ပါခင်
ချစ်တာတွေစာစီထား
လက်တွဲမဖြုတ်ကြေးလား
No comments:
Post a Comment