ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, October 21, 2012

းးးးးးးးးးးးးးးးးးးးး မျက်ရည်မဝဲ အသည်းမှာ ငိုးးးးးးးးးးးးးးး


ဝေးပြီ.....
စတောင် မစရသေးတဲ့ ငါ့အချစ်ဇာတ်လမ်း

ဒီမှာ တစ်ခန်းရပ်ပြီ......။
ငါ့...ထိုက်....င့ါ..ကံ
ကြိတ်မှိတ်ခံမယ်
အလွမ်း...မြေကျ
လောင်မြိုက်ထားသမျှ
မှောင်မိုက်သွားမှတော့
အားအင်ဖြေလျှော့....ငိုမိတော့တယ်ကွယ်....။

မမြင်ရဘူး...ရင်က ဆူးလည်း
နေလို့...မရ၊ ဖြေလို့....မနိုင်
ဝေးခြင်း ဒဏ်ချက်...ခံရခက်လို့
တစ်ပိုင်း...တစ်စနဲ့ ဖေးမပူဆွေး
နောက်ဆုံးတော့ ဝေးပြီ အချစ်ရယ်.....။

နှလုံးသော့ခတ်၊ ကြိတ်မှိတ်ခံစား
အထီးကျန်သမားမို့....
အိပ်ပျက်ညများ...၀ိုးတ၀ါးသာ
အသည်းထဲနင့်...အလွမ်းဒဏ်သင့်ပြီ
နင်နဲ့..အဝေးကို ပြေးတော့မည်.....။

ပိုင်ရှင်ရှိသူ....ကျွန်တော့်ချစ်သူကို
မှန်သော သစ္စာတိုင်တည်ပါချင်
အသည်းလွှာပြုံး...အချစ်ဆုံးမို့
တား...သိ....မျိုသိပ်...မယိုဖိတ်ဘူး
ရင်တွင်းမှ...ဒဏ်....
သေအောင်ခံမယ်..ဆုတောင်းရန်သိ
နောင်ဘ၀များရှိက
ထာဝရအပါး ဘာမှ မခြားဘဲ..ပေါင်းခွင့်ရစေ အချစ်ရေ

No comments:

Post a Comment