ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, October 21, 2012

♥♥♥ မောင့် လမင်း ♥♥♥


♥ ပုန်းညက် ခိုင်းပင် သဇင် ဇလပ်
မွှေးပျံ့သင်းထုံ ရနံ့စုံလည်း
ပွင့်ပန်းတိုင်းပင် နိုင်းမယှဉ်တော့
ဝေဆာနေလည်း မချူရဲ
အလှမ်းဝေးလည်း မြတ်နိုးစဲပါ ♥♥♥
♥ နံသာဖွေးဖွေး ပါးပြင်လေးဝယ်
သုတ်လိမ်းချယ်သ လမင်း အလှရယ်
ရေမြေရယ်ခြား ဝေနေညားလည်း
တစ်နေ့တစ်ရက် မမေ့ရက်လို့
ဆုံခွင့်ကို မျှော်လင့် မောင်က
ရင်နင့်နင့်နဲ ချစ်တာလေ ♥♥♥
♥ မောင့် ချစ်သူ အကြည့်
ရင်သို့ငြိမို့ ပင်စည်သို့တွယ်
သံယောဇဉ်နှယ် ခက်ညွန့်သန်သန်
ရစ်ချည်နှောင်းတင်း မပျက်ယွင်းလို့
ကမ္ဘာကမ္ဘာက ရှေရက်စက်ကြိုး
အကြင်နာတွေ ဝေဆာဖြိုးပေါ့ ♥♥♥
♥ ငွေသော်တာ လရထားလေး
စီးကာလေ အတူသွားကြမယ်
ကြယ်ကလေးတွေ ဝန်းရံခ
ရင်ခွင်ကမ္ဘာက လမင်း အလှရေ
မခွဲတန်းတစ်သက် စွဲလန်းလျက်မို့
အမြဲတမ်းလည်း ချစ်နေမယ် ♥♥♥

No comments:

Post a Comment