ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, October 15, 2012

♥ ♥ ♥ လွမ်း တယ် မောင် ♥ ♥ ♥

အလှမ်းတွေလည်းဝေး
ပန်းတွေလည်း မွှေး
ရက်တွေရယ် နှစ်တွေပြောင်း
အချစ်တွေပင် တစ်ဖန်သစ်
မေ့တို့ အချစ်စစ် ♥ ♥ ♥
လွမ်းတာတွေ စာစီလို့
မောင် သိအောင် ရေးကာပို့
မေ့ ရဲ့ ကဗျာလေးတစ်ပုဒ် ♥ ♥ ♥
ချစ်တာတွေ စာစီပြ
မောင့် ချစ်သူလေး ဘဝ
ထသွားငေးငိုင်
ချစ်မဏ္ဍိန် မပြစ်မပြောင်း
အချစ်ဟောင်း
ခွဲကာမသွား ချစ်မှာလား
မောင့် သစ္စာတရား  ♥ ♥ ♥
အနေဝေးကွာ
မမြင်လည်းကြာ
မကြင်သက်သက်
သခင် မရက်စက်နဲ့နော်
ရေမြေရယ်ခြား
မောင့် ရယ် နေနိုင်လား
နေညှိညှိ ရောင်နီကြ
ဆည်းဆာလေးရဲ့အလှ
ဇင်ယော်တွေ ပျံကာဝဲ
ကမ်းခြေမှာ တစ်ယောက်ထဲ
ကြင်သူရယ် မောင့် ကိုလွမ်း
တူယှဉ်ကာ ထားကတိ
လွမ်းတာတွေ မောင်မသိ
သိပါစေ မေ ဆုတောင်း
လွမ်းရတဲ့ အကြောင်း ♥ ♥ ♥

No comments:

Post a Comment