ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, October 24, 2012

လွမ်းတယ် အဖေ

အချိန်ကိုက်များ
ရွာလေရော့သလားကွယ်
မိုးပွင့်လေးတွေကြည့်ရင်း
အလွမ်းပွင့်ကလေးတွေနဲ့
စစ်ခင်းနေရတယ်
လွမ်းတယ်~~~အဖေ
တခါတခါဆန်းကြယ်လွန်းတဲ့
ကံဇာတ်လမ်းမှာ
ကျနော်တို့တွေ
ကွေးနေအောင်တော့
ဘယ်ကတတ့်ပါ့မလဲ

အရာရာဟာ
လျှပ်ပြက်သလို
အမှတ်တမဲ့
အသက်တချောင်းထွက်ဖို့
အဲဒီလောက်တောင်
ဘာလို့လွယ်ကူခဲ့ရတာလဲ....ဟင်
ဘဝဆိုတဲ့လမ်း
အတူတကွလှမ်းရင်း
မပြီးဆုံးနိုင်တဲ့လမ်းမှာ
အခုအမေနဲ့ကျနော်
ဆက်လှမ်းနေတယ်အဖေ
အော်....ဒါနဲ့
ဒီနေအမေ့မွေးနေ့.အဖေ
ကြားသိနိုင်မှာမဟုတ်တော့ပေမဲ့
သား..သိ..စေ..ချင်..လွန်း..လို့..ပါ..အဖေ။ ။

အမေ့မွေးနေ့အဖေ့ကိုလည်းလွမ်းမိပြန်ရော။

No comments:

Post a Comment