ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, October 24, 2012

းးးးးးးးးးးးးးးးးးးး မိုးသိပါစေးးးးးးးးးးးးးးးးး

မြူခိုးများဝေ မိုးချိမ့်သံပေး
လေရူးသုန်သုန် မာန်ဟုန်ဟုန်မို့
မိုးရိပ်ညို့ ညို့ မိုင်းရီဆိုလျှင်
ဖြေပြေခက်သမို့
မိုးပြေတစ်ဖြိုက် ရွာမိခိုက်တွင်
စိတ်အစဉ်က ပိုလို့တမ်းတ
သတိရမိပြီ မိုး ရယ်းးးးးးးးးး
ချမ်းမြအေးအေး မိုးစက်ပွင့်တွေ
ရွာသွန်းဖြိုးစေ မောင့် ရင်မှအပူမီး
မငြိမ်းနိင်ခဲ့ဘူး အချစ်ဦးေ၇
ချမ်းအေးမြမြ အကြင်နာညမှာ
ခိုက်ခိုက်တုန်ချမ်း နွေးထွေးအနမ်းခြွေ
ရင်ခွင်နန်းမှာ မြန်းခဲ့တာတွေ
ပုံပြင်ရယ်ထား အိမ်မက်များလို့
မေ့သွားနိင်နိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို့
ရွာသည်မိုးက ဆောင်းမိုးလေလား
ဟောင်းရွက်ကိုကြွေ နွေးကြိုမိုးလေ
ဝိုးတဝါးမို့  မိုးသံလေလား
ချစ်သူ    ခေါ် သံလားလို့
လျှပ်နွယ်ဖြာခိုက် မိုးသည်းခိုက်တွင်
အလွမ်းကြောင့်ကျွမ်း မောင်ရင်နှစ်ခြမ်းလည်း
ဖြန်းဖြန်းကွဲပါပြီ မိုး ရယ်

 ညီငယ် အာကာလေး အတွက် ခံစားေ၇းဖွဲ့သည် (ချစ်ရသူ လိုင်မင်း)

No comments:

Post a Comment