ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, October 19, 2012

♥♥♥ အကြင်နာမဖုရား ♥♥♥

♥♥♥ အကြင်နာမဖုရား ♥♥♥
♥♥ မြင်စကပင် ရင်ထဲမှာစွဲ
ကြင်နာသဲနဲ့ ချစ်မိပါတယ် ချစ်သူရယ် ♥♥♥
ချစ်သူမျက်ဝန်း ရွှန်းမလင်းမို့
ဖြူဖွေးမွတ်စင် ချစ်ပါးပြင်ကို
ညင်ညင်ဖွဖွ ယုယအေးအေး
မွှေးမွှေးပေးမယ် မောင်ကြံရွယ်တော့
ရှက်သွေးရယ်ဖြန်း ပြုံးတဲ့ပန်းရယ်
နှစ်ဦးတူယှဉ် လျှောက်ခဲ့စဉ်က
ခရေပင်ရိပ် တိတ်ဆိတ်နေလား?
ဟိုဝေးငေးမိုင် ချစ်ထိုင်နေလား?
မှန်းစလွမ်းမျှော် မောင်ငယ်ဖော်ရယ်
တစ်ပြည်တစ်ရွာ ဝေးကာနေလည်း
ဝေဒနာက မဖြေသာဘူး
ငယ်ကျွမ်းသို့မျှော် လွမ်းကာသာနော်
တစ်နေ့တစ်ရက် အတွေးခက်ပေါ့
ဆယ်သက်ကမ္ဘာ ဝေးတယ်ထင်ရ
ရင်ထဲမှာက ငိုခဲ့ရည
တစ်ကယ်ပါဘဲ အဖြစ်သည်းတယ်
ချစ်သဲပြောရင် မြင်မှကြည်မွေ့
တွေ့မှကြည့်နူး မောင်ချစ်ရူးပေါ့
ပျော့ပျောင်းညွတ်သွယ် ချစ်လက်သွယ်ကို
လက်ချင်းကိုင်ဆုပ် ဟိုးကမ္ဘာဆုံးထိ
လျှောက်ရအောင်လား ♥ ချစ်♥မ♥ဖု♥ရား♥♥ရယ် ♥♥♥
ချစ်အတွက့် မောင့်ရဲအလွမ်းပြေကဗျာလေးပါ

No comments:

Post a Comment