အပြုံးပန်းဆင် သူမျက်နှာတွင်
ကြည်.လို.မ၀ စိတ်ချမ်းမြေ.ရာ
ပြုံးပန်းဝေကာ ချစ်မဆုံးသူမို.
ရာသက်ပန်သာ ချစ်နေလိုက်ချင်တာ။
ခြေလှမ်းတစ်လှမ်း ကုဋေတစ်သန်း
ယဉ်တကိုယ် ပျိုမေလေးမို.
ငါးဖြာမင်္ဂလာ ပြည်.၀လိုနေရာ
ထာဝအမြဲ မြတ်နိုးချင်လိုက်တာ။
အကြည်.တချက် ညို.မျက်ဝန်းနက်က
အကြည်.ချင်းဆုံတော. ရင်ခုန်မိပေါ.
ခဏခဏ သက်ပြင်းကိုချကာ
သက်ဆုံးတိုင်ထိ ရင်ခုန်ချင်လိုက်တာ။
ဆံဖြူသွားကျိုး တွန်.လိမ်.ပါးရည်
ကြုံမယ်မလွဲ ဒီဇရာလက်တွင်
သိုပေသော်လည်း ငါသည်အမြဲ
မခွဲမခွါ ကြင်သူအနားနေချင်လိုက်တာ။
No comments:
Post a Comment