
ပင့်သက်ကိုရိုက် တစ်ကယ်ပင်လိုက်လို့
ကဗျာတစ်ပုဒ် နှလုံးသားမှ
အံကြလာမိပြီ မောင်

ကြေကွဲသက်သက် ကျွမ်းမျတ်နာကျင်
ညွတ်ပျောင်းလောင်မြိုက် လွမ်းလို့ကျန်ရစ်
ကျွန်မ ဖြစ်ပြီ မောင်

စကားဟဟ နူတ်ဖွဖွမို့
မစမဆို မောင် ငြိုငြင်လား
မောင်က နေ ဆို ကျွန်မက လ ပေါ့
စိမ်းကားရက်စက် စွန့်ခွာထွက်သွား
ရေကြည်အနောက် ခြေရာဖျောက်သူ
နောက်ကြောင်းမငဲ့ ဖြားယောင်သူလို့
မောင် ထင်နေပြီလားဟင်
ဝေဒနာအပူရုပ် ဟန်မလုပ်ပါဘူး
သောကနစ်ကျွန် အချစ်နွံ့မှာ
လွမ်းဆွတ်နာကျင် ကွေကင်းဆင်းရဲ
သောကပြည့်ဖြိုး မျက်ရယ်မိုးတွေ
ရွာသွန်းဖြိုးလို့ ငိုနေတယ်မောင်



သံယောဇဉ် ဒီ အမျှင်တန်း
ရှင်ခန်းပင် မောင်ဖြတ်နိင်လား
ပူတက်သူ မေ့ တစ်သက် လွမ်းပေါ့လို့
လက်ကမ်းကာ မောင်မပေးရင်လည်း
ဘဝနွေ အနုသယတောမှာ
မောင် သမုဒယ အမောတွေပြေအောင်လို့
ခပ်စိမ်းစိမ်းဘဲ နေပါမယ် မောင်






တစ်ယောက်သောသူအတွက် ခံစားေ၇းဖွဲသည်




No comments:
Post a Comment