ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, October 17, 2012

♥ ♥ ♥ မမေ့နိုင်တဲ့ မွေးရပ်ရွာ ♥ ♥ ♥

ရွာအခြေ ဘယ်လိုပင်ပြောင်း
မမေ့ကောင်လို့ ကဗျာရေးမိတယ်
     မိုင်းပြပြညိုရီ ရိုးမကို
နောက်ခံထားတဲ့ ဖိုးခေါင်ရွာကလေးဆီ
နှစ်ရှည်လများ စွန့်ခွာခဲ့ရပြီမို့
မှန်းလို့သာ မြင်ရောင်မိရင်
ညောင်ပင်အိုအို ထုံးဖြူဖွေးနဲ့
ကြည်ညိုဖွယ် စေတီလေး
လွမ်းမိတယ် ကွယ် ♥ ♥ ♥
ဆည်းဆာချိန် ညနေခင်း
ဖော်တသင်းနဲ့ လုံးမငယ်
ရေခပ်ဖို့ ဆင်းကြမယ် ♥ ♥ ♥
လတစ်ပေါင်းလွန်မြောက်
အတာနွေရောပေါ့ သင်္ကြန်နွေ 
လေပြေညင်းနဲ့ ဆွမ်းခံရယ်ကြွချီသွား
ဘုန်းတော်ကြီးဘုရားနဲ့ 
ဆွမ်းလောင်မဲ့ သဒ္ဒါရှင်တွေ
မြင်ရင်မိတယ်လေ♥ ♥ ♥
ထူးမြတ်ကဆုန် လမြတ်ကြုံတော့
ရွာထိပ်ကစေတီနဲ့ ဗောဓိညောင်
ရေလောင်းရအောင်♥ ♥ ♥

ဝါဆိုဝါခေါင် ရေပြင်ကဖွေး
သီချင်းလေးနဲ့ တံငါသည်
လှေကလေးကို စီးလို့ကွယ်♥ ♥ ♥

ရေကျချိန် တော်သလင်းမှာလ
ငါးတွေရယ် ပေါပါဘိ
မြင်စေခြင် သူငယ်ချင်းတွေကိုပ
ခေါင်းရွက်တစ်ဖုံ လုရက်ကာ 
ဝယ်ကြကုန်ပေါ့ ♥ ♥ ♥
အရှေ့တောင်ကျွန်း ရောင်နီရယ်သန်းတော့
လင်းကြက်တွန် အုန်းမောင်းခေါက်
ဆွမ်းချက်ရန် ထပါတော့
ဗျို့ဟစ်သံ သံသာပေးလို့ 
ထူးကဲဖွယ်ရွာဓလေ့
သီတင်းကျွတ်ကို မမေ့♥ ♥ ♥
လမြတ်တန်ဆောင် ထူးကဲတယ်မောင်
 တရားပွဲနဲ့ ရွာငယ်ငယ် 
     မိုးချိမ့်တယ် 
ထက်ကောင်းကင် မြူတိမ်ကင်း
လွမ်းမိတယ် သူငယ်ချင်း ♥ ♥ ♥
ဇာတိချက်ကြွေး မွေးရပ်မြေသို့ ကဗျာလေးဖြင့် ကျေးဇူးဆပ်ပါသည်

No comments:

Post a Comment