ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, October 21, 2012

းးးးးးးးးးးးးးးးးးး သံလွင်ကို သစ္စာပြုပါတယ်းးးးးးးးးးးးးး


သံလွင်ကိုသစ္စာပြု
ဇွဲကပင်ကို သက်သေထား
ဒေါနတောင်တန်း မေတ္တာလွှမ်းလို့
ချစ်တာတွေ စာစီကုံးမိတယ်
ကိန္နရီ ကိန္နရာ တစ်ညတာဝေး
ရက်ပေါင်းကပင်  ခုနစ်ရာဆွေးရ
သီတာဒေဝီအလှ အချစ်ထူးမိလို့
ဒဿမင်းမလည်း ငိုပွဲတွေဖြေမစည်နိင်ခဲ့
ဒွေးမယ်နော် ငွေတောင်ပြည်ပြန်တော့
သုဓနုမင်းသား မဖြေသာဝေဒနာကဲလို့
ဖွေရှာမယ် ငွေတောင်ပြည်ကြီး
ဥမ္မာဒါနီ အကြည့်တစ်ချက်
ညို့ချက်ရယ် ပြင်းတာကြောင့်
သိဝေ့မင်းလည်း ရူးမလို့ကြုံ
ွှဤ လူဘုံလေ
အချစ်သာဓက စာသာကပြောရရင်ဖြင့်
ပြောမဆုံးပေါင် တောသုံးထောင်ပါ ချစ်သူရယ်
ပြုံးလို့ပျော်တဲ့သူနဲ့  ရူံးလို့ငိုသူ
အချစ်ဘွဲ့ခံသူနဲ့ အလွမ်းဘွဲ့ခံသူတွေ

---------နဲ့ --------- ကလည်း
အနှစ်တစ်ရာ မတိုင်ခဲ့ပေမယ့်
အချစ်တစ်ရာတွေ ပြိုင်ခဲ့ကြဘူးတယ်လေ
သစ္စာပန္ဒတ် မေတ္တာရေစက်
ပေါင်းကူးရှက်နွယ် ချစ်ကြိုးသွယ်ရင်း
သံလွင်ကို အခြေပြု
ဟောဒီမြစ်မင်း စီးဆင်းသမျှေ၇
ခန်းခြောက်ပါမှ မုန်းမေ့သွားမယ်
ဆိုတာတော့းးးးးးးးးးးး<3<3<3
တစ်ယောက်သောသူ သိပါစေ တားဟုတ်ဘူးနော်  ဒါဗြဲ

No comments:

Post a Comment