
♥♥♥ စကားသံလေး ချိုလွင်အေးအေး
စမ်းကြသံလား ထင်မှတ်မှားမိ
လဝန်းပုံနှယ် ပြစ်ကင်းဝင်းပ
ချို အလှမှာ သာယာရစ်မူး
မချစ်ဖူးလို့ အချစ်ရူးပမာ
ချစ်ခွင့်ခစား ချို အနားမှာ
အသိမှတ်ပြုလို့ မော်ဖူးခွင့်ရပါရစေလား ချို ♥♥♥
♥♥♥ တစ်မိုးအောက်မှာ တစ်ယောက်ထဲ
မဖောက်လွဲလို့ ချစ်မိပါတယ်
ညွှန်းဖွဲ့မမှီ ကဗျာတစ်ပုဒ်စီကာ
ညအမှောင်မှာ လရောင်မသာတော့
မောင့် ရင်ခွင်အနား ချို သာရှိရင်
ငွေလမင်းကြီး လင်းစရာမလို့ဘူး
စာကဗျာစပ်လို့ ဖွဲကာဆိုခြင်
အပြစ်ဆိုတာလည်း မမြင်မိပါဘူး ချို ♥♥♥
♥♥♥ ကိုယ် စိတ် နှလုံး သုံးပါးဖြူစင်
ရွှေလိုအဆင်း လှပကျော့ရှင်း
မောင့် နှလုံးသားပဲ့ကိုင်ရှင်မ
ဂုဏ်ရွှေဓနတွေ ဖုံးကာလွှမ်းစေ
ချို ရဲ့ အပါး မြဲခစားလို့
ဘဝအဆုံး အမုန်းမရှိ
အကြင်နာက ထာဝစဉ် စီဆင်း
စမ်းရေပမာ ချစ်အကြင်နာများနဲ့
မောင့်အသဲနုမှာ ကဗ္ဗည်းစာထိုးရင်း
ပန်းရွှေကြာနှယ် တစ်ရိုးမှာ တစ်ငုံဖူး
တစ်ဖူးမှာ တစ်ပွင့်ပန်းမို့
မောင့် အချစ်ကိုတော့
ယုံကြည်တော်မူပါ ချို ♥♥♥
No comments:
Post a Comment