ဟိုရင်တိတ်ကြောင်း ပြန်ပြောင်းကာတွေး
အတွေးအာရုံက မမေ့နိင်စဲပါ ခိုင်းးးးးးးးးးးး
ရင်ခုန်စရာ အတွယ်အတာအစ
ကလူကျီစယ် အကြင်နာတွေအဆုံး
နုသစ်ပျိုမြစ် ခံစားချက်ဝေဒနာ
အလွမ်းတွေနဲ့ လွမ်းမပြေတဲ့
ပန်းအကြွေတောမှာ မောင့်ဘဝအဖော်ကင်း
ရင်တွင်းမှာတော့ ဆယ်နေစကဲ
လွမ်းပင်လယ်ကြီးထဲ သောကငယ်
ဒီလှေတစင်းနဲ့ အဖော်မဲ့ရင်း
လှော်ရင်းနစ်ခဲ့ ရပါပြီ ခိုင်းးးးးးးးးးးးးး
အကြောင်းမအပ်လို့ မပေါင်းရလည်း
ကောင်းမြတ်သလို့ မင်းစီစဉ်တော့
၃ နဲ့ ၄ ပမာညီ ခုတော့ တို့တကယ်
ဝေးပါပြီ ချစ်သူ ကမ္ဘာတည်လည်းလွမ်း
အသက်ရှင်စဲ လွမ်း ဘဲမို့
ဂုဏ်ငွေဓနထဲမှာ မူံရွှေနံသာကျဲ
မဆုံနိင်တဲ့ ဒီဘဝလမ်း
ညစဉ်အိမ်မက် မနှိပ်စက်ပါနဲတော့
ဆင်းစီလို့မြင်းရံ ရွှေအိမ်စံစား
ချစ်မဖုရားက အတိတ်ကိုလည်းမေ့
မောင့် ကိုလည်းမေ့ပေါ
အကြင်နာတွေမပိုင် ရင်မနာရက်နိင်ပါဘူး ခိုင်
ဥပေက္ခာမြစ်တစင်းမှာ ကြွေးဆင်းရပါစေ
မောင့် မျက်ရည်စတွေက အလွမ်း ပင်လယ်ပြင်ပါလေ
No comments:
Post a Comment