ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, October 24, 2012

လွမ်း တယ် အမေ

 
မွေးရပ်မြေမှ အမေနဲ့ဝေးကွာ
စွန့်ခွာလို့သွား တိုင်းတစ်ပါးမှာ
လွမ်းရက်ရှည်ရှည် သား မပျော်ဘူး အမေ
မွေးရပ်မြေနဲ့ အမေ့အိမ်သို့သာ
သတိရလေတိုင်း မျက်ရည်ဝိုင်းလို့
အရာရာတိုင်းဟာ လွမ်းမဆုံးနိင်ပါ
ကံတရားကပေး ဒီလမ်းကလေးမှာ
လျှောက်လှမ်းကာနေ အောင်မြင်သောဘဝ
မဝေးသောပန်းတိုင် မနက်ဖန်တိုင်းကို
ရောက်လုသော်လည်း သား လွမ်းတယ် အမေ
သားမောင်ရည်မှန်း မျှော်လင့်ချက်များ
ဖြစ်သောနေ့ဝယ် အပြေးလှမ်းလို့
ကျေးဇူးရှင်အတွက်ေ၇ာင်ပြန်မေတ္တာ
တစ်လှည့်ပြန်ပြီ လုပ်ကြွေးရပါစေ
မကြာသောတစ်နေ့ မေတ္တာနွေးထွေး
လုံခြုံပေးစွမ်း အမေ့အိမ်လမ်းသို့
ကျေးဇူးဆပ်ရန် အေ၇ာက်ပြန်လာမယ်
သားမောင်အမေ့ ပြုံးလိုက်တိုင်းမလေ
အကြင်နာပန်းတွေ ခဏခဏဝေဆဲ
သားတို့ကမ္ဘာမြေ အပြုံးနဲ့အလှစဉ်
ချစ်မေမေတိုင်းကို ရင်မှာထာဝရ
အခါခါ သား ဂါရဝ ပြုပါတယ်
ကြိုးပုခတ်ကိုင်လွှဲ လက်ပိုင်ရှင်တိုင်း
ကျန်းမာကြစေ သောကဘေးတွေ
ဝေးပါစေကြောင်း ဆုတောင်းခါခြွေ
အခုတော့ မလေ
မွေးမြေရပ်ခြား အဝေးရောက်သားကို
ခွင့်လွတ်ပေးပါ မေမေရယ်းးးးးးးးးးးးးးးးးးးး
ဤကဗျာလေးဖြင့် ကျေးဖူးရှင်အမေအား အဝေးေ၇ာက်သား ဂါရဝ ပြုပါတယ်
အမေချစ်တဲ့ သားသမီးတိုင်းလည်း ထပ်တူခံစားနိုင်ကြပါစေ  (ချစ်ရသူ လိုင်မင်း) mlaysia

No comments:

Post a Comment