ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, October 19, 2012

♥ မောင့်ချစ်သက်လယ် ♥

♥♥ စွယ်တော်ရွက်နှယ် ချစ်သက်လယ်ရယ်
နှစ်မွှာအသည်း ရင်မှစွဲသမို့
တစ်ရိုးတစ်ညှာ တစ်ရွက်တည်းနဲ့
ပေါင်းစက်ကာထား မေတ္တာတရားက
ဩောင့်တမေ့မေ့ လွမ်းတစ်မြေ့မြေ့
ဆွေးစိတ်တွေကို ရင်ဝယ်ပိုက်
အိပ်ပျက်ညလည်း များလှပါပြီ
မောင့် ချစ်သူရေ ♥♥♥
♥♥ မောင့်အသဲပြင်ဝယ် ကဗ္ဗည်းစာထိုး
ဖူးပွင့်လက်တင် ဆက်မရွှင်ဘူး
စားသွားချစ်စိတ် အရိပ်လို့ဘဲ
ရင်ထဲကလေ မရွှင်မပြ
နွေတစ်ရာည ဆယ်နွေစကဲ
မရွှင်နိင်သူ အသဲစွဲလို့
မိုင်ငေးသာဘဲ လွမ်းနေရတာ
မိုးကောင်ကင်က လစန္ဒာက
ဖော်ကွာဝေးလို့ ဆွေးနွေးသူကို
လွမ်းအောင်လို့များ သာနေတာလား
       မောင့် လမင်း ရယ် ♥♥♥   
ချစ် အတွက်ပါ

No comments:

Post a Comment