ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, October 21, 2012

ကျေးဇူးရှင်ဖေဖေ



အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ရေ
သွားခဲ့ပြီပေါ့ ကျန်ခဲ့သူအဖြစ်
သမီးရင်မချီ ခဲ့ပါဘူးအဖေ
မပြန်နိင် ဒီခရီးမှာ
ဘာတွေကိုအဖော်ပြုလို့
ထွက်ခွာသွားပြီး လား?
ကျောခိုင်းခဲ့ပြီ လား?
ထားခဲ့ပြီလား ကျေးဇူးရှင် ဖေဖေရေ
ချစ်သမီးရင်မှ အပူမီး
မငြိမ်း မငြိမ်းနိင်ခဲ့ပါ ဘူး
သံယောဇဉ် အမျှင်တွေနဲ့
ကျွေးမွေးစောင့်ရှောက်
သမီးလူလား မြောက်အောင်
သွန်သင်ဆုံးမ နည်းပြမှူနဲ့
သမီးတို့ရဲ့ ပဲကိုင်ရှင်ကြီး
အို ဖခင်ကြီးရေ
တစ်ကမ္ဘာဆီခြား ဘယ်ဘဝများမှာ
ခိုဝင်မှေးစက် မှေးစက်နေမလည်း အဖေ
လာပါလာပါလို့ မခေါ်ခဲ့သလို့
ပြန်ပါပြန်ပါ လို့လည်း
မနှင်ရဘဲ အဖေ ထွက်သွားတော့
သမီး ဘယ်လို့ဖြေရမလည်း
နောက်ဆံတွေကို တင်းကားမထား
စိတ်ချလို့သာ သွားပါတော့ဖေဖေရယ်
အစားထိုးမရ မိဘ ဘဝမို့
ဘယ်အရာနဲ့မှ အစားထိုးမရဘူး
သမီးငိုနေတယ် ရင်ထဲကမျက်ရည်စ
ဘယ်သူမှမမြင် ဘယ်သူမှ မသိပေမယ့်
အဖေသိနေတယ် သမီးသိတယ်
လောကဓံအလယ် အားမာန်တင်းလို့
အဖေ့သမီး လူဖြစ်အောင်လုပ်
ကောင်းကျိုးလုပ်လို့ ပြုပြုသမျှ
ကုသိုလ်တွေကို ရနိုင်ပါစေ
သမီးအခါမလတ် အမျှဝေနေပါမယ်အဖေ
ဖန်လာဘဝ နောင်ကာလကြ
အဖေသမီး ပြန်ဖြစ်စေကြောင်း
သမီးဆုမတောင်းဘူး အဖေ
သံယောဇဉ်တွေ ငြိမ်းရာနိဗ္ဗာန်
မြတ်သောလမ်းကို ရောက်ပါစေကြောင်း
သမီးအခါခါ ဘဲ ဆုတောင်းမိမှာ
အဖေသမီး ပြန်ဖြစ်ခြင်ပ
ဒါပေမယ့်လေ အဖေငြိမ်းအေးပါစေ
ချစ်သမီး ဆုမွန်ခြွေတာ
သမီးမှားလား မှန်လားဝေခွဲမရပါ
ဝေခွဲမရပါအဖေ သမီးဘာလုပ်ရမလည်း
လမ်းညွန်မှူတွေ့ ဆုံးမမှူတွေ့
ပေးသနား ပေးသနားပါအုံးလား
ကျေးဇူးရှင်ကြီး အိုဖခင်ကြီးရေ
ပြုပြုသမျှ ကုသလကို
ရပါစေလို့ ချစ်သမီး ပြောဘဲ
ပြောပါရစေတော့ လား အိုကျေးဇူးရှင်ကြီး
ဖခင်ကြီးရေ
ညီမငယ် လွမ်း  အတွက် ဝမ်းနည်းကဗျာလေးပါ
ထပ်တူကြေကွဲ ဝမ်းနည်းမိပါတယ် ညီမငယ်ရေ အားလုံးဆုတောင်းပေးနေပါတယ် ရောက်ရာဘုံဘဝက ပြုပြုသမျှ ကုသိုလ် ရပါစေလို့

No comments:

Post a Comment