ဝဿန်
ဝါဆို .....
ပြိုနေတဲ့
.. မိုးပေါက်တွေကြား …
ထားခဲ့တဲ့
ကတိ .. ငြိခဲ့တဲ့ မေတ္တာ …
သိပ်ချစ်မှာလို့
.. ယုံခဲ့ပါတယ်မောင် …..
မှိုင်းညို့
ရီမှောင် ..
တောင်ဆီက
မိုးစက်နဲ့ … လျှပ်ပြက်တဲ့.. အချိန်များ...
မောင်ထားသွားမှာ..
မဟုတ်ဘူးလို့.. ဆိုဖူးတဲ့ သစ္စာ...
ရင်မှာ..
တကယ်မှတ်...သိပ်ချစ်တတ်ခဲ့တဲ့..ငါ...
မောင်မြင်သာလျှင်
.. ဟားတိုက် ရယ်မလား …
ငါ …
တွေးမထားပါဘူးမောင် …..
ရာဇ၀င်မှာ
.. စာတင်မဲ့အလွမ်း…
ရင်ခတ်ပန်း
တို့ .. ပွင့်တဲ့ အချိန် …
တစ်ခန်းရပ်အိမ်မက်
.. နှိပ်စက်ခဲ့ နှလုံးသား …
အမုန်းတရားများရဲ့ဒဏ်
.. မခံစားရတာ ကံကောင်း …
ငါ..
ပြန်ပြောင်းလို့ .. မှတ်ယူပါ့မယ် မောင် …..
ကြည့်လျှင်
မရိုင်း .. ရှစ်ခွင်တိုင်းမှာ …
အုံ့မှိုင်းမှုံဝေ
.. မောင်မေ့နေရဲ့ …
ချန်ရက်ခဲ့လဲ
.. မနေရဲတဲ့ …
အသည်းငယ်သူ
.. ဆွေးပူနေလဲ …
လူမသိခင်
.. မချိရင်မှ …
သောကတွေဝေ
.. မျက်ရည် ကြွေလဲ …
ငါ ..
တစ်ယောက်ထဲရယ်ပါ မောင် …..
ဘယ်လိုပင်
ဖြစ်ပါစေ .. သိပ်ချစ်တတ်ခဲ့တဲ့ ငါ …
မိုးဆိုရင်
ခြိမ်းလဲခြိမ်း .. ရွာလဲရွာမှ…
ကြိုက်တတ်ခဲ့တာ
.. အမှန်ပေမဲ့ ...
အခုတော့
…
အနောက်တောင်ဆီမှာ
…
မိုးတွေ
… ညို့နေခဲ့ပါပြီ မောင် …… ။
No comments:
Post a Comment