ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, October 19, 2012

♥♥♥ ချစ် သူ ♥♥♥

♥♥ သံယောဇဉ်နဲ့ ချစ်မြတ်နိုးစွာ

ကြင်နာပိုပို
ချစ်ခွန်းဆိုတယ်

ဆဲလည်းသံလား မှတ်ယူမှားစေ

စကားချိုမြ
နဂိုလှတဲ့ 
ရွှေဘိုမြို့က ပျိုနှမယ်ရယ် ♥♥

♥♥ ချိုမြကြည်အေး
ပန်းသို့မွေးတယ်

ချစ်သူကိုယ်နံ့ နှစ်လိုရစ်မူး

စွဲလန်းကြီးစွာ
ကြင်နာယုယ

ဆံနွယ်စကို ရင်ခုန်တနွေး

ထွေးပွေးယူငင်
မွှေးဖို့ပြင်တော့

ချစ်ပါးလေးဝယ် ရှက်သွယ်ရယ်ဖျန်း

ဝေရင်လည်းမွှေး
ကြွေးလည်းမွှေးပေါ့

ညအခါမှာ မောင်လေမှေးစက်

အိပ်လို့မရ
စိတ်ကသိပြီ

ဘယ်ဆီကိုမှန်း ရင်ကလွမ်းလို့

မူန်ရီဝေဝါး
ချစ်သူလေးလား

ကြည်ရာမြင်ရာ တွေမိပါပြီ

မပြတ်သားဘူး
ချစ်သူအရိပ်

အသည်းဆိုင်မှာ ခိုင်မြဲနစ်မြုတ်

ရင်တွင်းပိုက်ထွေး
အတွေးများစွာ

♥♥ ချစ်မျက်နှာကို ကဗျာလိုဖတ်

အမျှင်ကြိုးက
နှောင်ထားပတ်ရစ်

မေ့လိုမရ ကုဋေကုဋာည ♥♥

No comments:

Post a Comment