ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, October 14, 2012

♥♥♥ ချစ်တာတွေ စာစီကုံးမယ် ♥♥♥

 
♥♥♥ ချစ်တာတွေ စာစီကုံးမယ် ♥♥♥

နှုတ်တစ်ရာ စာတစ်လုံးမို့

ချစ်တာကို စာစီကုံးမိတယ်...။
ဝေဒနာတွေ ဖြေသာစရာ

ရှားပါးသူမို့အမုန်းမလို

အပြုံးသာဆို ချစ်ပိုလွန်ကဲ

တစ်ယောက်ထဲအမြဲ အသည်းထဲပစ်

စွဲလမ်းချစ်မယ် ယုံလိုက်ကွယ်......။

အပျော်ချစ်ကာ အဖော်အသစ်မရှာဘဲ

ကျွန်တော်သစ္စာထားပါ့မယ်

ချစ်တာကို အပြစ်မရှာပါနဲ့လား

အသည်းရယ်....။

မခွဲတမ်းတစ်သက် စွဲလမ်းလျက်မို

့အမြဲတမ်းမပျက် စကားဆိုချင်လည်း

အကြွားပိုတယ် ထင်မှာစိုးသမို့

့နှုတ်တစ်ရာ စာတစ်လုံးချစ်တာကို

စာစီကုံးလိုက်တော့တယ်

ကိုယ် မင်းကို အရမ်းချစ်တယ် ♥♥♥

No comments:

Post a Comment