ချစ်သူ့စကား နားထဲ....ကြား
အရမ်း
လွမ်းလို့ ဖျား....။
ချစ်သူ့အပြုံး
အမြဲ......ရှုံး
ရင်ထဲ
တ၀ုန်းဝုန်း.....။
ရှိသမျှဒဏ်၊
ရင်ဖိခံ
နှလုံးသားလေး...မဟန်။
မျှော်လေတိုင်း....ဝေး
ကြည့်ရင်း......ဆွေး၊
ဓါတ်ပုံလေးပဲ....ငေး။
အိပ်မက်ထဲကို
ရောက်ရောက်လာ၊ အနမ်းမိုးလေးရွာ
အပြင်မှာတော့...အနေဝေး၊
အလွမ်းလေးတွေ...ပေး။
တစ်ချိန်ချိန်မှာပေါင်းကြမယ်၊
တို့နီးစပ်ဖို့ရွယ်
နှစ်လွှာပေါင်းလို့
တစ်ရွက်ထဲ၊ စွယ်တော်ရွက်လို မခွဲ။
နေ့စဉ်ရက်ဆက်
လွမ်းလို့ကွယ်၊ လက်ချိုးရက်ရှည်တယ်
အလွမ်းတွေနဲ့
နေသားကျ၊ တမ်းတရတယ်ဗျ။
တစ်ညတာဝေး....အသံလေး
နားထဲကြားရင်း
တွေး
အတွေးတွေနဲ့
အိပ်မရ၊ ကဗျာရေးဖို့...စ
စစ,ခြင်းပဲ
ချကာရေး....
“လွမ်းတယ်
ချစ်သူလေး”
No comments:
Post a Comment