ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, October 12, 2012

♥♥♥ မောင့်ချစ်သူ မြန်မာမလေး ♥♥♥

♥♥♥ မောင့်ချစ်သူ မြန်မာမလေး ♥♥♥

 

ကေသာကျော့ရှင်း
မူယာကင်းလို့
ဖြူစင်ဝင်းတဲ့ လမင်းနှယ်.....။
ပါးကွက် ပါးပါး
သနပ်ခါးနဲ့
နှုတ်ခမ်းဖူးလေး နီစွေးကြွယ်....။
ထမီ, ရင်ဖုံး
ဆံနွယ်ထုံးလို့
လုံလုံခြုံခြုံ လှလွန်းတယ်.....။
အမြင်လည်း...အေး
ရင်ထဲ...နွေးသမို့
ကျက်သရေ အပေါင်းနဲ့ ခညောင်းတယ်...။
ပန်းချီလည်း....ရှုံး
ရယ်(ရီ)လည်း....နှုန်းချိ
ရင်ထဲ...ထိလို့...
အမြတ်နိုးဆုံးမို့ ချစ်မိတယ်....။
မျက်လုံး ၀ိုင်းဝိုင်း
မြင်မိတိုင်းလည်း
ဘယ်ဘက် ရင်တစ်ပိုင်း လှိုင်းထန်တယ်....။
နှုတ်ခမ်းတွန့်ကွေး
လေးကိုင်းလေးမို့
စိတ်ကူးလေးနဲ့ နမ်းချင်တယ်....။
ခွန်းချိုစကား
နှုတ်ခမ်းဖျား...ဟ၊ ပြောသမျှလည်း
တေးသွားလေးလို သီကျူးတယ်.....။
ဆံ..စ, ခြေ...ဆုံး
တစ်ကိုယ်လုံးလည်း
နတ်သမီး ရှုံးအောင် လှလွန်းတယ်....။
အမြင်, အကြည့်
ရင်ကို...ထိလို့
နှလုံးသားလည်း ရူးတော့မယ်.....။
ခဏခဏ...ငေး
တသသ...တွေးလို့
ဝေးဝေးကပဲ လွမ်းနေမယ်.....။
တစ်သက်မှာ...ဖြစ်
တစ်ခါ...ချစ်မို့
                                               မြတ်မြတ်နိုးနိုး တွယ်တာမယ်....။

1 comment:

  1. ကဗျာ​လေးအရမ်း​ကောင်းတယ်

    ReplyDelete