ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, October 24, 2012

ဖြတ်ကျော်ခွင့်ပေးပါနော်



မခို့တရို့ရှက်ပြုံးနဲ့
မျက်လုံးတချက်ပင့်အကြည့်
ရင်ထိပြီးရူးခဲ့တာငါပါ
ကောင်မလေးရေ....
တဒင်္ဂကြည့်မိတဲ့
မျက်ဝန်းတစုံကြားမှာ
ငါနှးလုံးသားတွေ
တုန်ခါခဲ့မိပြီပေါ့။
ခံစားရတဲံငါ့နှလုံးသား
မင့်ကြောင့်လို့ပြောရင်
မင်းယုံပေးပါကောင်မလေးရယ်

ဒါပေမဲ့ကွာ
ချစ်ချင်ပေမဲ့..မင်းရဲ့
မာနဆိုတဲ့အတ္တတရားက
ငါ့ကိုတွေဝေစေတယ်
မရေမရာနဲ့
မသေချာတဲ့..
ဇဝေဇ၀ါငါ့မနက်ဖြန်များကို
ဖြတ်ကျော်ခွင့်ပေးပါ။

အခင်မင်ရဆုံးညီမလေးတယောက်ပုံပါ

တွဲလက် မဖြုတ်တမ်းနော်


ငါခိုင်မြဲစွာတွဲမယ့် ဒီတွဲလက်
ငါကြင်နာစွာနဲ. ပွေ.ဖက်မယ်
အလွမ်းခန်းတွေမရုပ်သိမ်းခင်ပေါ. .....
ဆန္ဒတွေ ရေတွက်ရင်း
မင်းနဲ.နေရမယ်.အချိန်ကို
ငါတမ်းတနေမယ်ဆို
မင်းဆုတောင်းက ဘာဖြစ်မလဲ.....
ထပ်တူထပ်မျှပါလို. နားဝမှာ
အားရအောင် မင်းပြောပေးနော်.....
အားမလိုအားမရနဲ. ခံစားနေမိတာ
မင်းချစ်တယ်ပြောလိုက်လားဟင်.....
မယုံမရဲနဲ. နုံအတဲ.ကလေးလိုပဲ
ဒဏ္ဍာရီလား ပုံပြင်လားဆိုပြီး
တွေးနေမိတာ.....
မ၀ံ့မရဲနဲ. အရဲစွန်.ပြီးချစ်လိုက်တာ

အလဲအကွဲ လုပ်လိုက်ရင်
အသဲကွဲမှာစိုးလို.ပါ.....
အသဲစွဲအောင်ချစ်မှာမို. အပြစ်ရှာဖို.
အသစ်ရှာလို. မငြိုငြင်ပါဘူးကွာ.....
မင်းမငိုအောင် ထားပေးနိုင်ဖို.
ကိုးစားနေတယ်ဆိုတော.
အင်အားတွေနဲ. ငါအားငယ်နေစဉ်မှာ
ပွေ.ဖက်ထားပေးနော်ချစ်သူ

တွဲလက်မဖြုတ်တမ်းပေါ့.....

မြတ်နိုးဆဲ



ဖူး ငုံဝေဖြာ
သခင့်မျက်နှာ
ပင့်သက်ကို ရှိုက်
ခိုးကြည့်လိုက်.........။
ပွင့် ပန်းတိုင်းပင်
နှိုင်းမယှဉ်
တဒင်္ဂအပြုံး
အမြတ်နိုးဆုံး.......။
ဝေ ဆာနေလည်း
မချူရဲ
ခပ်ဝေးဝေးက
ငေးကြည့်မြဲ
အလှမ်းဝေးလည်း
မြတ်နိုးဆဲ..........

ညီမငယ်လေးပုံပါ လာကျူနဲ့ အကုန်တေမယ် 

လွမ်းတယ် အဖေ

အချိန်ကိုက်များ
ရွာလေရော့သလားကွယ်
မိုးပွင့်လေးတွေကြည့်ရင်း
အလွမ်းပွင့်ကလေးတွေနဲ့
စစ်ခင်းနေရတယ်
လွမ်းတယ်~~~အဖေ
တခါတခါဆန်းကြယ်လွန်းတဲ့
ကံဇာတ်လမ်းမှာ
ကျနော်တို့တွေ
ကွေးနေအောင်တော့
ဘယ်ကတတ့်ပါ့မလဲ

အရာရာဟာ
လျှပ်ပြက်သလို
အမှတ်တမဲ့
အသက်တချောင်းထွက်ဖို့
အဲဒီလောက်တောင်
ဘာလို့လွယ်ကူခဲ့ရတာလဲ....ဟင်
ဘဝဆိုတဲ့လမ်း
အတူတကွလှမ်းရင်း
မပြီးဆုံးနိုင်တဲ့လမ်းမှာ
အခုအမေနဲ့ကျနော်
ဆက်လှမ်းနေတယ်အဖေ
အော်....ဒါနဲ့
ဒီနေအမေ့မွေးနေ့.အဖေ
ကြားသိနိုင်မှာမဟုတ်တော့ပေမဲ့
သား..သိ..စေ..ချင်..လွန်း..လို့..ပါ..အဖေ။ ။

အမေ့မွေးနေ့အဖေ့ကိုလည်းလွမ်းမိပြန်ရော။

လွမ်းမြဲ လွမ်းလျှက် လွမ်းဆဲပါ

အနေဝေးလို့ စိတ်မှာမှန်း
နွမ်းကာဘဲ မောင့်အသက်ေ၇
မေ့အပြုံးလေးတွေ မြင်ယောင်နေမိ
စက္ကန့်တိုင့်သာ မောင့် အတွက်တော့
မေ မှ မေ ပါ လေးးးးးးးးးးးးးးး
ကဗျာဆန်ဆန် ဆောင်းညတစ်ည
လေညှင်းသုန်သုန် နှင်းမူန်မူန်နှင့်
ချမ်းလို့တုန်အေး ဒီညကလေးဝယ်
လယောင်ထိမှ ပွင့်ကာ လန်းဆန်း 
ညမွေးပန်းနှယ် ကြည်သာဝင်းပ
မေ့ အလှကို မြင်သူတကာငေး
မောင် ရင်အေး ရမလား ဟင်
တစ်ကယ်ချစ် ရင် တစ်ကယ်လွမ်း
မောင့် အကြွင်းမဲ့ ပန်းရယ်
ယုံကြည်ကာထား မောင်ချစ်စကားကို
ရင်ခွင်ကမ္ဘာက မကြင်နာလို့
တမင်ခွာခဲ့တာ မှ မဟုတ်တာ 
တစ်သက်တာ နီးဖို့အေ၇း 
ရည်မျှော်တွေးလို့ ခဏလေးပါ
မျက်ဝန်းကစီးဆင်း ချစ်ခြင်းမျက်ရည်
သောကပုလဲမိုး ရွားသွန်းဖြိုးတာ
မောင့် ကြင်နာသူ နဲ့ အတူတူပါလေ
တစ်ကမ္ဘာစီဝေး နယ်မြေတွေခြားလည်း
မပြောင်းလည်းတဲ့ မောင့် သစ္စာ
ခိုင်ခိုင်မြဲတဲ့ မောင့် သံယောဇဉ်
ဖြူစင်မေတ္တာ မယာမပါတဲ့ ချစ်ခြင်း
မြတ်နိုးခြင်းများစွာ နဲ့ 
ကမ္ဘာကမ္ဘာခြားလည်း
လွမ်းမြဲ လွမ်းလျှက် လွမ်းဆဲ ပါ မေးးးးးးးးးးးးးးးးးး
ညီငယ်တစ်ယောက်အတွက် ခံစားရေးဖွဲ့သည်

းးးးးးးးးးးးးးးးးးးး မိုးသိပါစေးးးးးးးးးးးးးးးးး

မြူခိုးများဝေ မိုးချိမ့်သံပေး
လေရူးသုန်သုန် မာန်ဟုန်ဟုန်မို့
မိုးရိပ်ညို့ ညို့ မိုင်းရီဆိုလျှင်
ဖြေပြေခက်သမို့
မိုးပြေတစ်ဖြိုက် ရွာမိခိုက်တွင်
စိတ်အစဉ်က ပိုလို့တမ်းတ
သတိရမိပြီ မိုး ရယ်းးးးးးးးးး
ချမ်းမြအေးအေး မိုးစက်ပွင့်တွေ
ရွာသွန်းဖြိုးစေ မောင့် ရင်မှအပူမီး
မငြိမ်းနိင်ခဲ့ဘူး အချစ်ဦးေ၇
ချမ်းအေးမြမြ အကြင်နာညမှာ
ခိုက်ခိုက်တုန်ချမ်း နွေးထွေးအနမ်းခြွေ
ရင်ခွင်နန်းမှာ မြန်းခဲ့တာတွေ
ပုံပြင်ရယ်ထား အိမ်မက်များလို့
မေ့သွားနိင်နိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို့
ရွာသည်မိုးက ဆောင်းမိုးလေလား
ဟောင်းရွက်ကိုကြွေ နွေးကြိုမိုးလေ
ဝိုးတဝါးမို့  မိုးသံလေလား
ချစ်သူ    ခေါ် သံလားလို့
လျှပ်နွယ်ဖြာခိုက် မိုးသည်းခိုက်တွင်
အလွမ်းကြောင့်ကျွမ်း မောင်ရင်နှစ်ခြမ်းလည်း
ဖြန်းဖြန်းကွဲပါပြီ မိုး ရယ်

 ညီငယ် အာကာလေး အတွက် ခံစားေ၇းဖွဲ့သည် (ချစ်ရသူ လိုင်မင်း)

လွမ်း တယ် အမေ

 
မွေးရပ်မြေမှ အမေနဲ့ဝေးကွာ
စွန့်ခွာလို့သွား တိုင်းတစ်ပါးမှာ
လွမ်းရက်ရှည်ရှည် သား မပျော်ဘူး အမေ
မွေးရပ်မြေနဲ့ အမေ့အိမ်သို့သာ
သတိရလေတိုင်း မျက်ရည်ဝိုင်းလို့
အရာရာတိုင်းဟာ လွမ်းမဆုံးနိင်ပါ
ကံတရားကပေး ဒီလမ်းကလေးမှာ
လျှောက်လှမ်းကာနေ အောင်မြင်သောဘဝ
မဝေးသောပန်းတိုင် မနက်ဖန်တိုင်းကို
ရောက်လုသော်လည်း သား လွမ်းတယ် အမေ
သားမောင်ရည်မှန်း မျှော်လင့်ချက်များ
ဖြစ်သောနေ့ဝယ် အပြေးလှမ်းလို့
ကျေးဇူးရှင်အတွက်ေ၇ာင်ပြန်မေတ္တာ
တစ်လှည့်ပြန်ပြီ လုပ်ကြွေးရပါစေ
မကြာသောတစ်နေ့ မေတ္တာနွေးထွေး
လုံခြုံပေးစွမ်း အမေ့အိမ်လမ်းသို့
ကျေးဇူးဆပ်ရန် အေ၇ာက်ပြန်လာမယ်
သားမောင်အမေ့ ပြုံးလိုက်တိုင်းမလေ
အကြင်နာပန်းတွေ ခဏခဏဝေဆဲ
သားတို့ကမ္ဘာမြေ အပြုံးနဲ့အလှစဉ်
ချစ်မေမေတိုင်းကို ရင်မှာထာဝရ
အခါခါ သား ဂါရဝ ပြုပါတယ်
ကြိုးပုခတ်ကိုင်လွှဲ လက်ပိုင်ရှင်တိုင်း
ကျန်းမာကြစေ သောကဘေးတွေ
ဝေးပါစေကြောင်း ဆုတောင်းခါခြွေ
အခုတော့ မလေ
မွေးမြေရပ်ခြား အဝေးရောက်သားကို
ခွင့်လွတ်ပေးပါ မေမေရယ်းးးးးးးးးးးးးးးးးးးး
ဤကဗျာလေးဖြင့် ကျေးဖူးရှင်အမေအား အဝေးေ၇ာက်သား ဂါရဝ ပြုပါတယ်
အမေချစ်တဲ့ သားသမီးတိုင်းလည်း ထပ်တူခံစားနိုင်ကြပါစေ  (ချစ်ရသူ လိုင်မင်း) mlaysia

Sunday, October 21, 2012

းးးးးးးးးးးးးးးးးးးးး မျက်ရည်မဝဲ အသည်းမှာ ငိုးးးးးးးးးးးးးးး


ဝေးပြီ.....
စတောင် မစရသေးတဲ့ ငါ့အချစ်ဇာတ်လမ်း

ဒီမှာ တစ်ခန်းရပ်ပြီ......။
ငါ့...ထိုက်....င့ါ..ကံ
ကြိတ်မှိတ်ခံမယ်
အလွမ်း...မြေကျ
လောင်မြိုက်ထားသမျှ
မှောင်မိုက်သွားမှတော့
အားအင်ဖြေလျှော့....ငိုမိတော့တယ်ကွယ်....။

မမြင်ရဘူး...ရင်က ဆူးလည်း
နေလို့...မရ၊ ဖြေလို့....မနိုင်
ဝေးခြင်း ဒဏ်ချက်...ခံရခက်လို့
တစ်ပိုင်း...တစ်စနဲ့ ဖေးမပူဆွေး
နောက်ဆုံးတော့ ဝေးပြီ အချစ်ရယ်.....။

နှလုံးသော့ခတ်၊ ကြိတ်မှိတ်ခံစား
အထီးကျန်သမားမို့....
အိပ်ပျက်ညများ...၀ိုးတ၀ါးသာ
အသည်းထဲနင့်...အလွမ်းဒဏ်သင့်ပြီ
နင်နဲ့..အဝေးကို ပြေးတော့မည်.....။

ပိုင်ရှင်ရှိသူ....ကျွန်တော့်ချစ်သူကို
မှန်သော သစ္စာတိုင်တည်ပါချင်
အသည်းလွှာပြုံး...အချစ်ဆုံးမို့
တား...သိ....မျိုသိပ်...မယိုဖိတ်ဘူး
ရင်တွင်းမှ...ဒဏ်....
သေအောင်ခံမယ်..ဆုတောင်းရန်သိ
နောင်ဘ၀များရှိက
ထာဝရအပါး ဘာမှ မခြားဘဲ..ပေါင်းခွင့်ရစေ အချစ်ရေ

းးးးးးးးးးးးးးးးး ပြန်ဆုံခြင်တယ်းးးးးးးးးးးးးးးးးး

ကံမကုန်ရင် ပြန်ဆုံခြင်တယ်
ကမ္ဘာကုန်ကျယ်ကျယ် လိုက်လို့ရှာလည်း
မမြင်မတွေ့ သခင်မေ့ပြီပေါ့
ဓါးထက်ထက်နဲ့ ရင်ကိုခွဲ
ချိုမြိန်ခဲ့ရဲ့ လားကွယ်
လျှောက်ခဲ့ဖူးတဲ့ မြေနီလမ်းကလေး
ခြေရာတွေ ပြန်စီကြည့်တော့
ဝေဒနာတွေက နွေတစ်ရာလို့အသစ်သစ်ပါ
သံသရာဆိုတာ ရှည်ကြာတယ်ထား
ပြန်ရှာရင်ေ၇ာ မတွေ့နိင်ဘူးလားဟာ
မကြင်နာနိုင့်လို့ ဟောဒီလမ်းမှာ
မင်းပေးခဲ့ဖူးတဲ့ အလွမ်း
မင်းပေးခဲ့တဲ့ အနမ်း
မင်းပေးသွားတဲ့ အမုန်း
မင်းဟန်ဆောင်ကာထား အပြုံးတုတွေကြားမှာ
မဖြေသာဆယ်နွေဆကဲ
ဝေဒနာတွေ မကြေညာရဲတော့ပါဘူး
တို့အတူလျှောက်သွား ဒီလမ်းနေရာဟောင်းမှာ
အဖော်ရယ်မပါ ငါတစ်ယောက်ထဲ
လျှောက်လှမ်းရင်း ထာဝရမဟုတ်တဲ့
အချစ်တွေကိုမှ မကြာခဏ
သတိရနေတက်တာတော့
မင်းသိခဲ့ရင် တစ်ခါလောက်တော့
ပြန်ဆုံခြင်တယ် ဟာာာာာာာာာာာာ

းးးးးးးးးးးးးးးးးးး သံလွင်ကို သစ္စာပြုပါတယ်းးးးးးးးးးးးးး


သံလွင်ကိုသစ္စာပြု
ဇွဲကပင်ကို သက်သေထား
ဒေါနတောင်တန်း မေတ္တာလွှမ်းလို့
ချစ်တာတွေ စာစီကုံးမိတယ်
ကိန္နရီ ကိန္နရာ တစ်ညတာဝေး
ရက်ပေါင်းကပင်  ခုနစ်ရာဆွေးရ
သီတာဒေဝီအလှ အချစ်ထူးမိလို့
ဒဿမင်းမလည်း ငိုပွဲတွေဖြေမစည်နိင်ခဲ့
ဒွေးမယ်နော် ငွေတောင်ပြည်ပြန်တော့
သုဓနုမင်းသား မဖြေသာဝေဒနာကဲလို့
ဖွေရှာမယ် ငွေတောင်ပြည်ကြီး
ဥမ္မာဒါနီ အကြည့်တစ်ချက်
ညို့ချက်ရယ် ပြင်းတာကြောင့်
သိဝေ့မင်းလည်း ရူးမလို့ကြုံ
ွှဤ လူဘုံလေ
အချစ်သာဓက စာသာကပြောရရင်ဖြင့်
ပြောမဆုံးပေါင် တောသုံးထောင်ပါ ချစ်သူရယ်
ပြုံးလို့ပျော်တဲ့သူနဲ့  ရူံးလို့ငိုသူ
အချစ်ဘွဲ့ခံသူနဲ့ အလွမ်းဘွဲ့ခံသူတွေ

---------နဲ့ --------- ကလည်း
အနှစ်တစ်ရာ မတိုင်ခဲ့ပေမယ့်
အချစ်တစ်ရာတွေ ပြိုင်ခဲ့ကြဘူးတယ်လေ
သစ္စာပန္ဒတ် မေတ္တာရေစက်
ပေါင်းကူးရှက်နွယ် ချစ်ကြိုးသွယ်ရင်း
သံလွင်ကို အခြေပြု
ဟောဒီမြစ်မင်း စီးဆင်းသမျှေ၇
ခန်းခြောက်ပါမှ မုန်းမေ့သွားမယ်
ဆိုတာတော့းးးးးးးးးးးး<3<3<3
တစ်ယောက်သောသူ သိပါစေ တားဟုတ်ဘူးနော်  ဒါဗြဲ

ရေမြေခြားလို့ လွမ်းအားငယ်



ကောင်းကင်လို မြင့်မား
နန်းတော်လို မခမ်းနား.....နွမ်းပါးတဲ့ ဘ၀ပါ....နှင်းရယ်
ဘ၀သမားမို့....အလှစကားနဲ့
ခဏအနားမှာ မနေနိုင်
တစ်ဝမ်းတစ်ခါးအတွက်...လွမ်းသလား
ဝမ်းနည်းစကားပဲ ဆိုပါရစေ......။
ကြိုးစားသမျှ အရာမထင်...
ဝေးသွားမှ ဒဏ်ရာ........မြင်
ချွေးစက်တွေကျ....သွေးမြေခလည်း
အားခဲမာန်တင်း...ရုန်းကန်ရင်း...လွမ်း
အသည်းနွမ်းပြီ....တမ်းတရပြီ...မောင့်နှင်းရယ်
ဘ၀အရေး...ခဏပြေးလို့
ထားခဲ့...ကျန်ရစ်....ကိုယ့်အချစ်ရေ
မျှော်လင့်စောင့်စား....သစ္စာထားလို့
လက်ချိုးရေတွက်...နေ့ရက်ဆက်လည်း
သည်းခံကျိတ်မှိတ်....လွမ်းတဲ့စိတ်နဲ့
ခံနိုင်ရည်ထား....ရေမြေခြားလည်း
ယုံကြည်စွာချစ်....တမ်းတရစ်ပါ...လွမ်းရစ်ပါ....။
တစ်ချိန်ချိန်.....ဆုံ
တစ်နေ့နေ့.....နီး
မဝေးတဲ့ ခရီးအတွက်....ယခုလို မောပန်း
ခန္ဓာနွမ်းလည်း....ဒူးထောက် သိုသိပ်
ချစ်တဲ့စိတ်နဲ့....အလွမ်းကို....ပိုက်
အသည်း...ခိုက်လည်း
အတူတကွ....နေခွင့်ရဖို့...
ဆုံစည်းရက်ရှည် လက်ချိုးရေ...
မောင် တို့ဘ၀တွေ နီးပါရစေ.....။

( ဘ၀အရေးအတွက် ရေခြားမြေခြားမှာ ချစ်သူနဲ့ခွဲပြီး ကြိုးစားရုန်းကန်နေသူများကို ရည်ရွယ်ပါတယ် )
ညီမငယ်လေးပုံလေးပါ

းးးးးးးးးးးး ခပ်စိမ်းစိမ်းဘဲ နေပါမယ် မောင်းးးးးးးးးးးးးးးးးးးးးးး


 
ပင့်သက်ကိုရိုက် တစ်ကယ်ပင်လိုက်လို့
ကဗျာတစ်ပုဒ် နှလုံးသားမှ
အံကြလာမိပြီ မောင်
ကြေကွဲသက်သက် ကျွမ်းမျတ်နာကျင်
ညွတ်ပျောင်းလောင်မြိုက်  လွမ်းလို့ကျန်ရစ်
ကျွန်မ ဖြစ်ပြီ မောင်
စကားဟဟ နူတ်ဖွဖွမို့
မစမဆို မောင် ငြိုငြင်လား
မောင်က နေ ဆို ကျွန်မက လ ပေါ့
စိမ်းကားရက်စက် စွန့်ခွာထွက်သွား
ရေကြည်အနောက် ခြေရာဖျောက်သူ
နောက်ကြောင်းမငဲ့ ဖြားယောင်သူလို့
မောင် ထင်နေပြီလားဟင်
ဝေဒနာအပူရုပ် ဟန်မလုပ်ပါဘူး
သောကနစ်ကျွန် အချစ်နွံ့မှာ
လွမ်းဆွတ်နာကျင် ကွေကင်းဆင်းရဲ
သောကပြည့်ဖြိုး မျက်ရယ်မိုးတွေ
ရွာသွန်းဖြိုးလို့  ငိုနေတယ်မောင်
သံယောဇဉ် ဒီ အမျှင်တန်း
ရှင်ခန်းပင် မောင်ဖြတ်နိင်လား
ပူတက်သူ မေ့ တစ်သက် လွမ်းပေါ့လို့
လက်ကမ်းကာ မောင်မပေးရင်လည်း
ဘဝနွေ အနုသယတောမှာ
မောင် သမုဒယ အမောတွေပြေအောင်လို့
ခပ်စိမ်းစိမ်းဘဲ နေပါမယ် မောင်


တစ်ယောက်သောသူအတွက် ခံစားေ၇းဖွဲသည် အမေ၇းတေမှာဘဲ ပထမဦးဆုံးေ၇းခြင်းပါ မိန်းကလေးလို့

းးးးးးးးးးးးး နားလည်စမ်းပါ မေ့မေတ္တားးးးးးးးးးးးးး


ဝမ်းကြာဖူးငုံ ပန်းလိုပွင့်စေ
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး ကျေးဇူးကြီးပေ
တို့ မေမေ တွေကလေးးးးးးးးးးးး
ရင်ခွင်မှာထွေး နို့ရည်ချိုအေး
သဒ္ဒါနူတ်ခမ်း ပျားရည်ချိုစမ်း
ဝမ်းတွင်းအေးစေ တိုက်ကြွေးသမု
ချစ်မေမေတိုင်းက အခါခါပြုလို့
ခန္ဓာလွယ်ထား သဌ္ဓေသားကို
ကိုးလပင်လွယ် ဆယ်လပင်ဖွား
ဖွားမြင်မြောက်စေ လူဖြစ်စေ၍
အမေပီတိ ဂွမ်းစည်ထိသမို့
မိုးသို့လွင့်ပြန် ချိမ့်ချိမ့်ညံလေ
ကြိုးပုခတ် ကိုင်လွှဲ မေမေတိုင်းက
နှလုံးလိုက်လို့ သာယာငြိမ့်အေး
သံသာတေးစေ ကြားရနားဝက
နဝင်ချိုချို အချစ်ပိုလို့
စမ်းရကြသံ ဒေါင်းအော်သံအလား
စိတ်အထင်တွေတောင် မှားနိင်ပါတယ်မေမေ
သွေးမှဖြစ်စေ နိုရည်ချိုတွေ
သောက်သုံးသမု ငါတို့ပြုသည်
နို့နှစ်လုံးဖိုး မကြေ နေကြပါစေ
အမေကတော့ အပြုံးမပျက်
အမုန်းလည်း မဖတ်ခဲ့ပါဘူး
နှစ်တွေလည်းပြောင်း အရွယ်လည်းပြောင်းစေ
ငါတို့အမေက အရိပ်တကြည့်
အမြဲလို့ ရှိခဲ့ပါ၏
ဘဝအဆက်ဆက် ဆပ်လို့ကုန်မလား
မေ့မေတ္တာက တရားအသိ
ထားရှိရင်မှာ တစ်သက်တာထာဝရမို့
လက်ဆယ်ဖြာ ထိပ်မှာမိုး
ခြေအဆုံဦးခိုက် ကန်တော့အပ်ပါပြီ
ချစ်မေမေးးးးးးးးးးးးးးး


အမေ့များနေ့အတွက် အမှတ်တရကဗျာလေးပါ ဤ ကဗျာလေးဖြင့်ကျေးဇူးရှင်အမေနှင့်တကွ အမေများအားလုံးသို့ ကန်တော့အပ်ပါသည်

းးးးးးးးးးးးးးးးးးး လွမ်း မျက် ရည်းးးးးးးးးးးးးးးးးး


 
ဟိုရင်တိတ်ကြောင်း ပြန်ပြောင်းကာတွေး
အတွေးအာရုံက မမေ့နိင်စဲပါ ခိုင်းးးးးးးးးးးး

ရင်ခုန်စရာ အတွယ်အတာအစ
ကလူကျီစယ် အကြင်နာတွေအဆုံး
နုသစ်ပျိုမြစ် ခံစားချက်ဝေဒနာ
အလွမ်းတွေနဲ့ လွမ်းမပြေတဲ့
ပန်းအကြွေတောမှာ မောင့်ဘဝအဖော်ကင်း
ရင်တွင်းမှာတော့ ဆယ်နေစကဲ
လွမ်းပင်လယ်ကြီးထဲ သောကငယ်
ဒီလှေတစင်းနဲ့ အဖော်မဲ့ရင်း
လှော်ရင်းနစ်ခဲ့ ရပါပြီ ခိုင်းးးးးးးးးးးးးး

အကြောင်းမအပ်လို့ မပေါင်းရလည်း
ကောင်းမြတ်သလို့ မင်းစီစဉ်တော့
၃ နဲ့ ၄ ပမာညီ  ခုတော့ တို့တကယ်
ဝေးပါပြီ ချစ်သူ ကမ္ဘာတည်လည်းလွမ်း
အသက်ရှင်စဲ လွမ်း  ဘဲမို့
ဂုဏ်ငွေဓနထဲမှာ မူံရွှေနံသာကျဲ
 မဆုံနိင်တဲ့  ဒီဘဝလမ်း
ညစဉ်အိမ်မက် မနှိပ်စက်ပါနဲတော့
ဆင်းစီလို့မြင်းရံ ရွှေအိမ်စံစား
ချစ်မဖုရားက အတိတ်ကိုလည်းမေ့
မောင့် ကိုလည်းမေ့ပေါ
အကြင်နာတွေမပိုင် ရင်မနာရက်နိင်ပါဘူး ခိုင်
ဥပေက္ခာမြစ်တစင်းမှာ ကြွေးဆင်းရပါစေ
မောင့် မျက်ရည်စတွေက  အလွမ်း ပင်လယ်ပြင်ပါလေ

းးးးးးးးးးးးး ချစ်ဧည့်သည်မလေးးးးးးးးးးးးး


 
မခေါ်မဖိတ် အိပ်စက်နေတဲ့
နှလုံးသားတစ်စုံ ကို့ရင်အုံကို
ညင်သာနွဲ့နွဲ့ သွဲ့သွဲ့ခြေလှမ်း
သံသာသာပေး ရင်တွင်းအေးစေ
ခွန်းချိုဝင်ေ၇ာက် အကြင်နာတံခါးခေါက်လို့
ေ၇ာက်လာပြီလား ချစ်ဧည်သည်မလေးေ၇းးးးးးး
 ကို့ ရင်ခွင်တံခါး ဖွင့်ကားထားမယ်
ကို့ ခင်းကာထား အသဲလမ်းတံတားမှာ
လျှောက်လှမ်းလို့သူ နေရာယူတော့
အကြိမ်ကြိမ်ကြုံရ ရင်တွေခုန်စွစွနဲ့ပါ
ရင်မှလူပ်ရှား ချစ်စကားတွေက
အသွေးသားများနဲ့ေ၇းသားဖွဲ့သီ
ကဗျာတစ်ပုဒ် ပန်ချီပေါ့
ရာဇဝင်မှာ စာတင်ရရင်
မင်းဒဿလို့ အချစ်ကြမ်းကြမ်း
ကို့ တစ်ကယ်လွမ်းတယ်
မင်းရာမလို့ အကြင်နာထူလို့
လိုခြင်တာလည်း ရှာဖွေးကြွေးမယ်     (ဟီဟီ ဖြစ်နိင်တာဘဲပြောနော်)
ဝေသန္ဒရာလို့ သူများတောင်းလည်း
ပေးလို့လုမယ် ကို့ အသက်ကိုကွယ် (၈တူအတွက်ဘဲနော်)
လက္ခဏာလို့ စွန့်လွတ်လည်းဆို
ချစ်သူသာပျော် ကို့စွန့်လွတ်ပါတယ်နော်
အဲဒါတွေက မချစ်လို့များ
ထားခဲ့ကြသလား ထင်ရင်မှားမယ်
တင်္ဒဂအတွေးနဲ့  တဘဝမဝေးခြင်ဘူး
အကြင်နာလည်းပြိုင် သံယောဇဉ်ခိုင်လို့
ဘဝပင်ပုံနှင်း အသဲပင်ပေးစပ်
အပျော်လည်းမချစ် အသစ်လည်းမရှာ
မမုန်းသစ္စာ အပြုံးမေတ္တာတွေက
ကို့ရင်မှာထား ရှိနေသားမို့
ချစ်သူကြည့်ဖို့ မှန် ချစ်သူပန်ဖို့ ပန်း
အဆင်သင့်သာထား ဒီရင်ခွင်တံခါးမှာ
ထာဝရသာ မြန်းလည့်ပါတော့
ချစ်ဧည့်သည် မလေးေ၇းးးးးးးးးးးးးးး

းးးးးးးးးးးးးးး ကြားသိပါစေးးးးးးးးးးး



ပန်းခေ၇လို့ နွမ်းကြွေလို့
လွမ်းမပြေပါဘူး ချစ်သူ
အသဲကြွေကြ အလွမ်းတွေ
မြေခပြီပေါ့ ရင်ထဲမှာဟာတာတာ
လုံးဝမပျော်ဘူးကွာ
မိုးရွာလည်းလွမ်း
နှင်းဝေလည်းလွမ်း
ကမ္ဘာတည်စဲ အသက်ရှင်လည်း
လွမ်းစဲမို့ အရာရာတိုင်းဟာ
လွမ်းမဆုံးနိင်ပါ ချစ်သူ
အကြီးတန်ခဲ့ အထီးကျန်တဲ့
မောင့်ဘဝရဲ့ ညတွေပါ
နူးညံဖွေးဖွေး ပန်းစံပယ်လိုဖြူ
မောင့်ချစ်သူရေ အကြင်နာတွေ
ရင်မှာရွေးသီလို့ မောင်ကိုယ်တိုင်
သီကာကုံး မေတ္တာသစ္စာ
အကြင်နာ ပန်းတွေက
ပန်းဆင်သူ သခင်မဲ့
ချစ်တဲ့သူ အုတ်ဂူဖွေးထက်မှာ
တစ်ပွင့်ကြွေ တစ်ဆောင်းသစ်
နှောင်းရစ်တဲ့နွေ မဟောင်းရွက်သစ်ဝေတော့
ဩော် သံယောဇဉ် ဒီအမျှင်တန်း
သေခန်းပင် ဖြတ်ခဲ့ပြီပေါးးးးးးးးးးးးးးးး

♥♥♥ ညီမ ရယ် ♥♥♥

♥ ဂိန်မာန်ကာလ နေခြည်ခလျှင်
ညီမထံပါး မြဲခစားသည့်
လေပြေနွေးသာ ဖြစ်ခြင်ပါ၏♥♥♥
♥ ဝသန်ကာလ မိုးစက်ကြလျှင်
ညီမထံပါး မြဲခစားသည့်
ထီးကလေးသာ ဖြစ်ခြင်ပါ၏♥♥♥
♥ ဟေမာန်ကာလ နှင်းစက်ခလျှင်
ညီမထံပါး မြဲခစားသည့်
နေခြည်နွေးသာ ဖြစ်ခြင်ပါ၏♥♥♥
♥ ဝမ်းနည်းကြေကွဲ သောကဘေးကြောင့်
ကျစမ်းမျက်ရည် ကူညီသုတ်ပေး
ပဝါလေးသာ ဖြစ်ဖြင်ပါ၏♥♥♥
♥ ဝမ်းသာကြည်နူး ပျော်ရွှင်မြူးလို့
ညီမ နမ်းမဲ့ ပန်း အကို့
ပါးကလေးသာ ဖြစ်ခြင်စမ်းပါတယ်
တစ်ပင်ထဲတွယ် ရင်ထဲက
ညီမရယ်♥♥♥