
ကဗျာမဆန်
ကာရန်မလှပေမယ့်
အနွံ့တာခံ နားလည်ပေးတတ်သူမို့
မပေးဖူးတဲ့ ပန်းတပွင့်အတွက်
အပြစ်မတင်ရက်ပါ မောင်...။
ဝါသနာ
အရာရာကွဲပြားပေမယ့်
စာနာစွာညှိယူပေးတတ်သူမို့
မဖတ်ဖူးတဲ့ ကဗျာတပုဒ်အတွက်
ရန်မလုပ်ရက်ပါ မောင်...။
အကြင်နာ
လူတကာမြင်အောင် မပြတတ်ပေမယ့်
စေတနာရင်မှာ အပြည့်နဲ့သူမို့
မာယာကင်းတဲ့ ရိုးသားခြင်းတွေအတွက်
လေးစားလျှက်ပါ မောင်...။
တွယ်တာ တာတွေ
သာယာစွာ တေးမဆိုတတ်ပေမယ့်
ဝေဒနာဘယ်အခါမှ မပေးတတ်သူမို့
မဖွဲ့နွဲ့တဲ့ သစ္စာတရားတွေအတွက်
အချစ်တွေတိုး
မြတ်နိုးလျှက်ပါ မောင်...။