ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, December 31, 2012

♥♥♥ မ ခွဲ ကြေး ♥♥♥


 
ချစ်သူ့အပြုံး

အမုန်းတွေ ကင်းရှင်း

သမုဒယချစ်ခြင်း နဲ့

အကြင်နာဖလှယ်

မပြယ်တဲ့ မေတ္တာ

တည်မြဲတဲ့ သစ္စာတရားတွေ

ထာဝရပေး ဆပ်လို့

နှစ်ကိုယ်တူ ဘ၀တည်ဆောက်ချင်တယ်

စိတ်ကူးတွေရဲ့ အိမ်မက်ထဲ

တိမ်ဆိုင်တွေပေါ် တူယှဉ်တွဲလို့

အပြစ်တွေလဲ မမြင်ပဲ

ရာဇ၀င် စာတင်လောက်အောင်

ထာဝစဉ် မြဲမြံတဲ့ လက်တွေတွဲလို့

ဒီတစ်သတ် ဘယ်တော့မှမခွဲကြေး နော် ♥
 

♥♥♥ အားပေးဖော် ♥♥♥


 
လှိုင် အားငယ်တဲ့ အခါ


လှိုင် လက်ကလေးဆုပ်ကိုင်ရင်း

နွေးထွေးတဲ့ အကြင်နာတွေနဲ့အတူ

ထာဝစဉ် အားပေးချင်တယ် ♥


လှိုင် မောပန်းလာတဲ့ အခါ

ရင်ခွင်ထက်မှာ မှေးစက်စေလို့

မေတ္တာရိပ် ကလေးမိုးပေးရင်းနဲ့

အေးမြလှတဲ့ ရေချမ်းအေးလေး

တစ်ခွက်လောက်တော့ ခပ်တိုက်ချင်တယ် ♥


လှိုင် ၀မ်းနည်းတဲ့အခါ

လှိုင် မျက်ရည်တွေ အတွတ်

မောင် ပေးဆပ်ဖို့လဲ ၀န်မလေးကြောင်း

တဖွဖွ ပြောရင်းနဲ့

အားပေးစကားတွေဖွဲ့နွဲ့ဆိုလို့

လှိုင် လိုရာကို ထာဝရဖြည့်ဆည်း

ပေးချင်သူပါ ♥


ခိုင်မာတဲ့အချစ် မပြယ်တဲ့သစ္စာ

မဟောင်းတဲ့ မေတ္တာတွေနဲ့

ပြောင်းလဲလာမဲ့ မောင် တို့ဘ၀တွေ

အတူလက်တွဲ မြဲမြံတဲ့အချစ်တွေစတေးလို့

လောကဓံရဲ့ မာယာတွေကို

အတူတူ ရင်ဆိုင်ကြစို့ ချစ်သူ ♥

♥ သူစိမ်းတွေတဲ့လား မောင် ♥


 
မကြင် ဘယ့်အတွက် မောင်ရက်စက်တာလည်း
"မောင်"မမြင် "မောင်"မသိခဲ့ပါဘူးကွယ်
"မေ"လေ
မဖြေသာလို့ ဝေဒနာအလွမ်းတွေနဲ့
ကဗျာဖွဲ့သီ စာအလှပန်းချီကို
ဘယ်သောင်ပြင်လမ်း ဘယ်ကမ်းစပ်မှာ
ကြေငြာရမလည်း ပြောပါအုံးလား "မောင်"

သံယောဇဉ်တွေ ချည်နှောင်ကာရစ်ခဲ့ပေမယ့်
ပြန်ပြောလျှင်လည်း ဝေဒနာတွေက
ဟောင်းရာကနေ အသစ်ဖြစ်ရုံပါ "မောင်"
ခံစားရသူ မူ လုပ်ပါလို့
အပူရုပ်ကို မာန်ဆောင်ကာတင်းပေမယ့်
"မေ့"ရင်တွင်းမှာ မကြည်မွေ့လေတော့
ကြွေဆင်းရှာတဲ့ ပုလဲမျက်ရည်
မိုး ကဲ့သို့ ဆွေ .....

"မောင်"နဲ့ "မေ"ကြုံ အကြည့်တွေဆုံ
ရင်ခုန်တနွေး ဖြစ်ရသေးတယ်
အတွေးမှာဘဲ တဝဲလည်လည်
မကြင်နာတဲ့ သခင်ရယ်လို့
ပြောပြန်ရင်လည်း "မောင်"ကဆို
ငြိုငြင်ကာ "မေ့"အပြစ်တဲ့လား
ခုများတော့လေ
မာယာတွေ ဟန်ဆောင်ထိန်းပါလို့
တွယ်တာလှပေမယ့် ကွယ်ရာကဘဲ
ချစ်ပါတော့မယ် "မောင်"


ညီမငယ်တစ်ယောက်ရေးခိုင်းလို့ မရေးတက်ရေးတက်ရေးလိုက်တာပါ ချစ်သူအားလုံးအဆင်ပြေကြပါစေ
 

♥ အ လွမ်း မ ပြေ ♥

 
ချမ်းမြခိုက်တုန် ဆောင်းရောက်ပြီဆို
လ လည်းမကွဲ ညမှောင်ထဲဝယ်
ခေါင်းအုံးလေးထက် မှေးစက်အိပ်ခို
မပျော်တစ်ဝက် ပျော်တစ်ဝက်နဲ့
မိုးစင်စင်လင်း အိပ်ပျက်ရက်ရှည်
ကြာနေပြီလား မောင့် ချစ်သူရေ ....

နွေဦးအကြို ဆောင်းနှင်းကမှုံ
ဘယ်ဆီကြည့်ကြည့် ကြည့်တိုင်းကြည့်တိုင်း
ရင်ခွင်တံတိုင်း အသည်းအိမ်လှိုင်းဝယ်
ချစ်သူ့မျက်နှာ အရိပ်ထင်ဆဲပါ
အိမ်မက်ရက်ရှည် ရွက်ကြွေလို့လွင့်
မျှော်လင့်မှုပန်း မနွမ်းပါနဲ့
အပူစတွေ မောင်မျှဝေလို့
ခွဲခွာရက်စက် ထားခဲ့တာလည်း
မဟုတ်ခဲ့ပါဘူး အချစ်ဦးရယ် .....

တစ်ဘဝအရေး ခဏလေးမတွေးနဲ့
မဝေးတော့တဲ့ အနာဂါတ်မှာ
ဘဝခရီး တူယှဉ်လျှောက်မယ်
ရင်ထဲနုမြစ် ဖြစ်ပြီးမပျက်
သစ်ပြီးရင်းသစ် ချစ်ပြီးရင်းချစ်
ကာလတာရှည် ပြောမပြသာပေ
အချစ်ရေ မောင့်ရင်ထဲမှာတော့
လွမ်းမပြေ .......

Friday, December 28, 2012

ဆောင်းနဲ့အတူပါ ချစ်သူရယ်




မူမှုန်ဖွေးဖွေး . ချမ်းမြအေးသည့်

မြောက်ပြန်လေကူး...ဤဆောင်းဦးဝယ်

ပန်းစုံဖူးပွင့်.. ရနံ့လွှင့်နေ.

နှင်းပွင့်ဝေစီ.. သဏ္ဍာန်ညီမှ

ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..

လွမ်းရကြောင်းကို ပြန်ပြောင်းတွေးလို့

သတိရမိတယ် ချစ်သူ ရယ်

နှလုံးသားမှာ.. ချစ်ရိပ်နွယ်ကာ.

တွယ်တာ.. သမုဒယ.

ရင်မှာတည်သမျှ.. မောင်မမေ့ပါဘူး

ရာသီရဟတ်. တစ်ပါတ်လည်စေ..

သည်နွေမိုးဆောင်း.. ရာသီပြောင်းလည်း

မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.

နှောင်း တချိန်လည်း ဆောင်းနဲအတူ

သိပ်ချစ်နေမယ် ချစ်သူရယ် 

ချစ်ညီမများ


ဇွဲမြေမှာတွေ အမြဲပင်မမေ့
ခဲ့ပါဘူး ညီမတွေရယ်
အဖော်မဲ့တဲ့ ညတွေမှာ
အကို့ တယောက်ထဲ
မျှော်နေ မိ တယ်
ချစ်ညီမတွေကိုလေ ♥ ♥ ♥
♥ ♥ ♥ညီမတွေများ လာလေမလား
တွေဆုံရေ၇း တွေးတွေးရင်းလေ
ငေး ၇တာ အမော
ပေါ်မလာ တော့
မျှော်သူ အကို့
ဆွေး ခဲ့၇ ပြီ ♥ ♥ ♥
♥ ♥ ♥ တွေဆုံနေကြ ဇွဲမြေမှလေ
မမြင်၇ မှ အကို့ လွမ်းရပြီလေ
ညီမတို့ေ၇ ♥ ♥ ♥
♥ ♥ ♥ သတိ ၇တယ်ဆို တိုင်း လဲ
လွမ်းဖို့ မသင့် ခဲ့ လေတော့
တောင်းဆုလေးတွေ ချွေနေရပေါ့
နေ့သစ်တိုင်းရဲ့
မနက်ဖြန် တိုင်း မှာ
အကို့ ညီမတွေ ပျော်ရွှင်ကြပါစေပေါ ♥ ♥ ♥ (ချစ်ရသူလိုင်မင်း )

အတူတူလျှောက်ကြစို့


ကြင်နာတတ်တဲ့ ချစ်သူ့မျက်ဝန်း

ချိုသာခြင်းရဲ့ စကားသံတစ်ချို့

ကြည်လင်အေးမြတဲ့ အပြုံးတွေနဲ့

မောင့် နှလုံးသားကို အစဉ်ပိုင်စိုးလို့ 

အမြဲလိုလို ကြားရောင်နေဆဲ

ချစ်သူ့စကား လေးတွေကိုလေ

တစ်သက်တာတော့ ဖြစ်ချင်မိတယ်

တစ်ဘ၀လုံးအတွတ် ရည်စူးရင်း

ကျန်ရှိနေသေးတဲ့ အချိန်တချို့အတွက်

ပင်လယ်ကိုဆန် လိုင်းလေဆန်လည်း

ရင်ဆိုင်ကာ အတူတူဖြတ်သန်းလို့

တူညီတဲ့ ဆုံမှတ်တစ်ခုအောက်

မောင်တို့နှစ်ယောက် အတူတူလျှောက်ကြစို့

နောင်လာမဲ့ အနာဂတ်ထဲမှာ

မေ လည်း မမှားကြေး

မောင် လည်း မမှားကြေးပေါ့

အလွမ်းများနဲ့ ည


နင်မရှိတဲ့ ငါ့ကမ္ဘာ
အလွမ်းတွေနဲ့ ခြောက်ကပ်လို့
တိတ်ဆိတ်တဲ့ ညအမှောင်မှာ
အဖော်မပါ တကိုယ်တည်းလမ်းလျှောက်
ကြယ်တွေလဲ ပျောက်နေခဲ့ပြီ■
■ လမင်းလေး ရဲ့ငိုရှိုက်သံ
နင် ကြားခဲ့မယ်ဆိုရင်
ငါ့ ကိုခပ်ပါးပါး လေးသတိရပေးပါ
ငါ့ အလွမ်းတွေတိုင်တည် လွန်းလို့
လမင်းလေး တောင်ဝမ်းနည်းနေတတ်ခဲ့ပြီလေ■
■ ပြန်မဆုံနိုင်တဲ့လမ်း
ကိုယ်စီရွေးချယ် ခဲ့ပြီးမှ
ရလာခဲ့တဲ့ နောင်တတချို့ကို
မာဏလေးက အံတုလို့
နောက်ထပ်လဲ မကန်းတော့အောင်
အားပေး နေကြလေရဲ့ ■
■ အလွမ်းတွေနဲ့ ကန်းနေတဲ့ငါ့အချစ်တွေကို
နောက်တကြိမ်ပြန်လည် ရှင်သန်ခွင့်ရှိရင်
ငါ့ကိုချစ်တဲ့သူ ငါကချစ်တဲ့သူသာ
ဆုံဆည်းပါ ရစေလို့
လမင်းလေးကို တိုးတိုးလေးပြောလိုက်မိတယ်


အကြွင်းမဲ့


♥ အသည်းကွဲရမှာ မကြောက်လို့
မင်းကိုချစ်ခဲ့တာ...♥
♥ ကန္တာရခရီးကို ဖြတ်ရဲမှာတော့
ငါ့အတွက် အိုအေစစ်လည်း မလိုပါဘူး...♥
♥ ရက်စက်လိုက်စမ်းပါ
သံသယမရှိ ကျေနပ်နေမယ်...♥
♥ တန်ဖိုးထားတဲ့ မာနတွေ
စုတ်ပြတ်သတ်အောင် စုတ်ဖြဲခဲ့လည်း
သံသယမရှိ ကျေနပ်နေမယ်...♥
♥ စီးထားတဲ့ ဖိနပ်ပါးအောက်က ငါ့အချစ်တွေ
ကျိန်စာသင့်အောင် နင်းခြေခဲ့လည်း
သံသယမရှိ ကျေနပ်နေမယ်...♥
♥ မင်းနှလုံးသားခေါ်ဆောင်ရာ လိုက်မိတဲ့ငါ
နာကျင်တဲ့ အလွမ်းဒဏ်ရာ ပေးခဲ့လည်း
သံသယမရှိ ကျေနပ်နေမယ်...♥

♥♥♥ ချစ်နေမယ်♥♥♥



အချစ်ရယ် ♥

ရင်ခွင်တံခါး ဖွင့်ကာထားလို့

စာနာသိစေ မြင်စမ်းတော့မေ

နေဆယ်စင်းလို့ ပူလောင်လှလည်း

သော့ခတ်ချိတ်ဆွဲ အတွေးထဲဝယ်

မေပါဘဲကွယ် ♥♥

တစ်ကယ်ပါဘဲ အဖြစ်သည်းလို့

ချစ်သည်းကလေ ပိုတယ်လို့ထင်


ရွှေစိတ်ဘဝင်က ကြည်သာရွှင်မပြ

ဖြစ်ရပါတယ် ♥♥

ရင်ထဲမှာလည်း အလွမ်းကြားနစ်

သောကပြည်ဖြိုး မျက်ရည်မိုးတွေ

ရွာသွန်းမစဲ ရှိနေစဲကွယ်

နှစ်ရှည်လကြာ ရာသီသာပြောင်း 

မဟောင်းအချစ် ရင်မှဖြစ်လို့

ကြင်နာနှောင်ရစ် အချစ်စစ်နဲ့

ချစ်နေမယ် ♥♥ —
 — 

Thursday, December 27, 2012

ကြယ်ကြွေညတိုင်း




•♣• နေရောင်ခြည်တွေ အကျဉ်းချလို့
အေးစက်တဲ့ ကဗျာတစ်ပုဒ်
အသက်သွင်းဖို့ ငါ့မာန
အကြိမ်ကြိမ် သတ်ဖြတ်ခဲ့ဖူးတယ်..•♣•

•♣• နှင်းတွေ တ၀င့်ဝင့်ကြွေ
ရင်ထဲက ကဗျာတစ်ပုဒ်
နှစ်သက်စွာ သွန်းချလို့
အသည်းနစ်အောင် ခံစားရဖူးတယ်...•♣•

•♣• ဖြာဝေကြွေဆင်း နှင်းတွေကြား
အားနည်းသေးသိမ် နေရောင်မှာ
မားမားမတ်ရပ်လို့ အချစ်နဲ့ဘဝ
တစ်ထပ်တည်းကျဖို့ ဆုတောင်းခဲ့ဖူးတယ်
သစ္စာ ဆိုဖူးတယ်...•♣•

•♣• မှောင်လွန်းတဲ့ည တမ်းတရတဲ့ကြယ်လေး
တိမ်ဖုံးတဲ့ည ကြယ်လေးကိုသတိရလို့
တမ်းတနေခဲ့ရတာအခါခါပေါ့...•♣•

•♣• ဒါပေမယ့်...
နှင်းဝေည ကြယ်ကြွေကျတာ
ငါကလွဲပြီး ဘယ်သူမြင်နိုင်ခဲ့လဲ....ချစ်သူ •♣•

ပြန်ဆုံချိန်လေး



♥ ရင်ထဲက အတိုင်းအဆကိုနှိုင်းပြဖို့
ဝေါဟာရတွေ လိုနေပါသေးတယ် 
အချစ်ရယ်.....♥
♥ အသည်းနှလုံးရဲ့ ရာဇ၀င်မှာ
အချစ်ကို....
အခြားအရာနဲ့ ကမ္ဗည်းထိုးလို့မရလို့
နင်သာ ငါ့ဘ၀ပါ
ချစ်သူ..♥
♥ လွမ်းဆွတ် တမ်းတ
သတိရနေတဲ့အခါ....
အတွေးများအလယ် ဆေးသားမခြယ်ဘဲ
ဝေးသွားမှာပဲ ကြောက်နေမိတယ် 
ချစ်သူရယ်....♥
♥ အတူမဆုံခဲ့ပေမယ့် ရင်ခုန်သံတွေ စီးမျော
လွမ်းရတဲ့ ရက်ရှည်
သက်သေပြဖို့ ငါ့ရင်မှာ
စက္ကန့်တွေတိုင်း စွဲလမ်းနေတာ နင့်တစ်ယောက်ထဲပါ
 ချစ်သူရယ်...♥
♥ တမ်းတတဲ့ နေ့ညများစွာ
မေ့မရလို့
မင်းကိုပဲ
ထာဝရ လွမ်းနေရအုံးမှာပဲ...
ချစ်သူရယ်...♥ 

ချစ်သူရယ်သိစေသား............


အလွမ်းကိုအဖော်ပြု
မောင် ပြုတဲ့ ကုသိုလ်ရယ်
သစ္စာတူတိုင်တည်ထား
မဝေးဘူးယုံသော်ညားလည်း
အနေဝေးတယ်ချစ်သူရယ်
ရေမြေရယ်တစ်ကယ်ခြား
လွမ်းနေမယ် ယုံမလားလို့
အလွမ်းဆို နောင်လာဝေးဘို့
ဆုတောင်းကာ နေတော့မယ်
ချစ်သူရယ်သိစေသား............

အဆိပ်သင့် နှလုံးသား



► ခွဲခွါခြင်းက ငါ့ အတွတ်
ကြေကွဲရမယ် ဆိုရင်
တိတ်တိတ်လေး ခံစားလို.
တိုးတိုးလေးပဲ လွမ်းနေလိုက်မယ် ◄
► အရာအားလုံး အတွတ်
နာကျင်ရမယ်ဆိုရင်တောင်
ဘ၀တခုလုံး နာကျင်ရမှာထက်တော့
ခံသာနေဦး မှာပါ ◄
► အချစ်ကို ၀ိုင်တခုလို ယစ်မူးရင်း
လွင့်မျောလို. ကြည်နူးခံစားခဲ့ဖူးပြီ
သာယာမှုတခုရဲ. နောက်ကွယ်က
ရူးသွပ်မှုတွေ ပါမလာခင်ထိတော့
ငါ မှားယွင်းနေ ခဲ့မိတယ် ◄
► ခုတော့လဲ အမူးပြေသွားတဲ့ သူတယောက်လို
အရာအားလုံး မေ့ပျောက်လို.
အားလုံးကို အဆုံးသပ်
အလွမ်းတွေကို တပ်ခေါက်ရင်း
အနာဂတ် ခြေလှမ်းတခု
အစပြုဖို. အားယူတော့ မယ် ◄

♥♥♥♥♥♥♥ ချစ် တယ် လှိုင် ♥♥♥♥♥♥♥


 
ချစ်ရသူ့ အသံ မကြားပြန်

အလွမ်းလေး နဲ့ မှိုင် ♥♥♥

မမြင်လည်းမျှော် ရင်ထဲနော်

်လွမ်းရလွန်း လို့ အော် ♥♥♥

ဘဝင်လည်းမအေး နေ့တိုင်းတွေး

ချစ်သူ မျက်နှာလေး ♥♥♥

လွမ်းတာတွေကို စာစီပြ

မျက်ရည်လေး နဲ့ စ ♥♥♥

အကြင်နာလည်းခိုင် မေတ္တာပိုင်

ယနေ့မှစလို့ နှစ်တစ်ရာတိုင် 

အရမ်းချစ်တယ် လှိုင် ♥♥♥
 

Monday, December 24, 2012

♥ မောင့် ကို ချစ် လို့ ♥



မမြင်ရဘူး ရင်သို့ဆူးပြီ

မဖွင့်ရဲဘူး အသည်းဆိုင်မှာ

ခိုင်မြဲနစ်မြုတ် မောင့်ရုပ်သွင်က

ရင်တွင်းပိုက်ထွေး အတွေးများနဲ့

အိပ်ပျက်ရက်ရှည် ကြာခဲ့ပါပြီ

မောင် ရေ ........


မောင့်ကိုချစ်လို့ မောင့်ကိုလွမ်းရင်း

အကြင်နာရယ် နှစ်တစ်ရာမပြယ်

ရင်ခွင်နမ်းမှာ ချစ်ပန်းသီလို့

ရေကြည်ဖျန်းတဲ့ စမ်းလို့ပမာနှယ်

အတူတွဲလို့ မေ့အသည်းညှာဦး

မောင်နဲ့သာဆို တမိုးအောက်မှာ

တစ်ယောက်ထဲမို့ တူယှဉ်တွဲလို့ 

ဂျောက်ထဲလည်း ဆင်းရဲပါတယ်

မောင် ရယ် .....



ဟောဒီကမ္ဘာ ရှည်ကြာစေအုံး

စက္ကန့်မလပ် အချိန်းတိုင်းဝယ်

မခွဲတမ်းသာ ရာသက်ဆုံးတိုင်

ချစ်နေမိတယ် မေတ္တာချစ်ခရီး

ရွှေလက်တွေကို ခိုင်ခိုင်တွဲလို့

အသိခြင်းဖလှယ် လည်တိုင်ကျော့ကျော့

မော့ကာသာဘဲ မောင့်ပခုံးကိုမှီ

အပြုံးသီလို့ စကားဆိုမယ်

ကုဋေတစ်ရာ မကနိုင်တဲ့

မေ့ ချစ်သစ္စာတွေကိုပါ

မောင် ရယ် ....


နာရီတွေပြောင်း ရာသီတွေဟောင်း

ဘယ်အခါမှ မပြောင်းပါဘူး

မောင့်ကိုချစ်လို့ ကဗျာစာသ

ဟိုအရင်ဘဝက ရေစက်ပါမောင်

နေရောင်ခြည်တွေ နေ့မှာလင်းသလို

ညအခါမှာ လမ်းပြကြယ်မို့

မေ ကလည်းလေ အရိပ်သဖွယ်

တစ်နယ်တစ်ကျေး အလှမ်းကွာဝေးတောင်

အမုန်းမဖတ် ဆုံးတစ်သက်ထိ

ချစ်တယ် မောင် ......
  

@@@ % သူ ငယ် ချင်း @@@%



သူငယ်ချင်းရေ .....

ဘဝဆိုတာက ဒီရေလှိုင်းလို

မိုးသားတိမ်တိုက်လို အမြဲတမ်းမတည်ငြိမ်

သူလွင့်ခြင်ရာ မျောလွင့်နေမှာပါဘဲ

ကိုယ်ဖြစ်ချင်တဲ့ ဆန္န ကိုယ်ယုံကြည်ရာပန်းတိုင်

ကြည့်တိုင်းလည်း မမြင် ပြောတိုင်းလည်းမဖြစ်

စိတ်မညစ်နဲ့ သူငယ်ချင်း

ပါရာမီကံ အကျိုးပေးနည်းနေသေးလို့

မရောက်သေးတာပါ တနေ့မုချ

ရောက်ရမှာပေါ့ ......


အခွင့်အခါ ရောက်လို့လာရင်

အမိအရ ဖမ်းဆုတ်လို့သာ

ကြိုးစားလိုက်ပါ မင်းမျှော်လင့်တာတွေ

ကြုံစေမှာပါ အဲလိုအချိန်မျိုးမှာ

သူငယ်ချင်းရေ ပညာတွေအကုန်သုံးလို့

တန်ဖိုးရှိအောင် ကြိုးစားပြလိုက်စမ်းပါကွာ

ကုန်လွန်ခဲ့တဲ့ အချိန်တွေကိုမေ့

စွန့်စားရဲသူ ပင်ကိုယ်ဥာဏ်စွမ်း

မင်းမှာရှိတော့ မဝေးသောတနေ့

မလွဲဧကန် အောင်မြင်မယ်ဆိုတာ

ငါ ယုံကြည်ပါတယ် သူငယ်ချင်း .....

Friday, December 21, 2012

♥♥♥ ညီ မ လေး သို့ ♥♥♥

Photo: <3<3<3 ညီ မ လေး သို့ <3<3<3


ညီမလေးရေ .....

ဘဝသမားမို့ စာသားတွေနဲ့ဘဲ

အကိုရေးပြ ပြောပြပါရစေတော့

နားနဲ့မနာ ဖဝါးနဲ့နာပါ

ညီမလေး ရယ် ....


ညီမလေးရေ ......

လောကဇတ်ခုံ ဘဝလမ်းခရီး

ဆေးရောင်ဆုံ အလှအပတွေကြားမှာ

ရေလိုက်မလွဲမိစေနဲ့

ပကာသနဆိုပြီး ထာဝရမဟုတ်တဲ့

သဘာဝပြယုဒ် တွေကိုလည်း

သတိမလှပ် အတုမဖတ်

စေခြင်ပါဘူး ညီမလေးရယ် ....


ညီမလေးရေ ....

လောကကြီးရဲ့ မာယာတွေကြားမှာ

အသိမကြွယ်သေးတဲ့ ညီမငယ်လေးကို

ပိတ်အတုအယောင် တွေကြားမှာ

လမ်းမမှားစေခြင်ဘူး 

အပျိုဖော် ဝင်လာပြီဆိုတော့

မဝတ်နဲ့ မဟုတ်ဘူး ဝတ်ပါ

မပြင်နဲ့ မဟုတ်ဘူး ပြင်ပါ

မသွားနဲ့ မဟုတ်ဘူး သွားပါ 

မစားနဲ့ မဟုတ်ဘူး စားပါ

ဒါပေမယ့် ညီမလေးရေ

စားသွား သတိ အပြင်ဆင်သတိတဲ့

သတိလေးတွေ စိတ်မှာအသေအခြာတွေးလို့

နားလည်ထားပါ ညီမလေးရယ် ...


ညီမလေးရေ ...

အကိုပြောပြနေတာ မိန်းကလေးမို့ပါနော်

မြန်မာဆန်ဆန် သနပ်ခါးလေးနဲ့

ပိတုန်းရောင် ကေသာကြော့

ဖြန်းကာချ သဘာဝအလှကိုလေ

အကိုတွေးကြည့်စမ်းတော့

ကုမုဒ္ဒြာအလား ရင်ထဲမှာ

အေးမြလို့ နေပါလား

ညီမလေးရယ် ....


ညီမလေးရေ ......

ဘဝဆိုတဲ့ တိုက်ပွဲကြားမှာလည်း

အားမာန်တွေ ကြံကြံခံလို့

လောကဒဏ်မှာ အဖိုးတန်ပါစေ

ပြဒ္ဒါမြားမှန် နွံမနစ်သလို့

အဖိုးအနဂတ် တန်တဲ့ 

ပန်းကောင်းလေး တစ်ပွင့်ဖြစ်ပါစေနော် ....


ညီမလေးရေ .....

ဘဝသမားမို့ စာသားတွေနဲ့ဘဲ

အကိုရေးပြ ပြောပြပါရစေတော့

နားနဲ့မနာ ဖဝါးနဲ့နာပါ

ညီမလေး ရယ် ....


ညီမလေးရေ ......

လောကဇတ်ခုံ ဘဝလမ်းခရီး

ဆေးရောင်ဆုံ အလှအပတွေကြားမှာ

ရေလိုက်မလွဲမိစေနဲ့

ပကာသနဆိုပြီး ထာဝရမဟုတ်တဲ့

သဘာဝပြယုဒ် တွေကိုလည်း

သတိမလှပ် အတုမဖတ်

စေခြင်ပါဘူး ညီမလေးရယ် ....


ညီမလေးရေ ....

လောကကြီးရဲ့ မာယာတွေကြားမှာ

အသိမကြွယ်သေးတဲ့ ညီမငယ်လေးကို

ပိတ်အတုအယောင် တွေကြားမှာ

လမ်းမမှားစေခြင်ဘူး 

အပျိုဖော် ဝင်လာပြီဆိုတော့

မဝတ်နဲ့ မဟုတ်ဘူး ဝတ်ပါ

မပြင်နဲ့ မဟုတ်ဘူး ပြင်ပါ

မသွားနဲ့ မဟုတ်ဘူး သွားပါ 

မစားနဲ့ မဟုတ်ဘူး စားပါ

ဒါပေမယ့် ညီမလေးရေ

စားသွား သတိ အပြင်ဆင်သတိတဲ့

သတိလေးတွေ စိတ်မှာအသေအခြာတွေးလို့

နားလည်ထားပါ ညီမလေးရယ် ...


ညီမလေးရေ ...

အကိုပြောပြနေတာ မိန်းကလေးမို့ပါနော်

မြန်မာဆန်ဆန် သနပ်ခါးလေးနဲ့

ပိတုန်းရောင် ကေသာကြော့

ဖြန်းကာချ သဘာဝအလှကိုလေ

အကိုတွေးကြည့်စမ်းတော့

ကုမုဒ္ဒြာအလား ရင်ထဲမှာ

အေးမြလို့ နေပါလား

ညီမလေးရယ် ....


ညီမလေးရေ ......

ဘဝဆိုတဲ့ တိုက်ပွဲကြားမှာလည်း

အားမာန်တွေ ကြံကြံခံလို့

လောကဒဏ်မှာ အဖိုးတန်ပါစေ

ပြဒ္ဒါမြားမှန် နွံမနစ်သလို့

အဖိုးအနဂတ် တန်တဲ့ 

ပန်းကောင်းလေး တစ်ပွင့်ဖြစ်ပါစေနော် ... 

♥♥♥ မခွဲအတူ နေပါရစေ ♥♥♥





ကြယ်ကလေးတွေ အရူံးပေးရတဲ့

လမင်းအပြုံး ပိုင်ရှင်မလေးရေ

မောင့်မှာတော့လေ တွေခွင့်မြင်ခွင့်

မရတာတောင် ရက်မှလချီ

ကြာခဲ့ပါပြီ နေရောင်အောက်က

လမင်းမျက်နှာလေးကို အမှောင်ကမ္ဘာညမှာ

ယောင်ချာချာနဲ့ မောင်သိပ်တွေခြင်ပါပြီ ....


မဆုံနိင်ကြတဲ့ နေ နဲ့ လ လို့

ဘယ်တော့များမှ မောင်တို့နီးနိင်မှာလည်း

မောင်ဘဝထဲကို အလင်းတန်းတွေ

ဖော်ဆောင်ကာပေးပြီး အဝေးကမ္ဘာသို့

ပြေးခွာကာ သွားတော့မှာလားဟင်

မဆုံနိင်စရာတွေ အများကြီးရှိခဲ့ရင်တောင်

မနီးသေးလည်း မဝေးရဲသေးဘူး

မောင့် ချစ်သူရေ ....


တစ်ဘဝမဝေး ခြင်ဘူး

ခဏလေးတောင်မှ မခွဲခြင်ခဲ့တာပါ

ချစ်သူကြည့်ဖို့ မှန်ကလေးတစ်ချပ်

ရင်ခွင်ထဲမှာ ထားလို့ပေးထား

မြင်အောင်ဝင်မကြည့် မေမသိခဲပါဘူး

ချစ်သူ နမ်းမဲ့ပန်း ပါးဖြစ်ခြင်စမ်းတယ်

ချစ်သူ မျက်ရည် ကြွေမှာစိုးလို့

အဖော်အဖြစ် ပုဝါလေးသာ

မောင်ဖြစ် ပါစေလို့ 

တောင်းဆုတွေ အကြိမ်ကြိမ်ပြုရင်း 

မခွဲအတူ နေပါရစေလား

မောင်ရင်ထဲက အကြင်နာ

မဖုရားရယ် .... 

♥♥♥ ချစ်တယ် ညီမလေး ♥♥♥




တီတီတာတာ တွယ်တာမြတ်နိုး

တိတ်တခိုးနဲ့ ကြိတ်ပိုးလို့လည်း

မချစ်ခြင်ဘူး သည်းဆိုင်ဦးရယ်

ပမာပုံနိုင်း ပေ ရိုင်းသီးလို

အသည်းမှာလေ ကဗ္ဗည်းမော်ကွန်း

ရေးထိုးဖွဲ့နွဲ့ ညီမအတွက်

နှစ်လွှာပေါင်းမှ တစ်ရွက်ပုံထား

ဆွယ်တော်ရွက်အလား ညီမနဲ့ဘဲ

ပျော်ခြင်တယ် .......


ရင်ခွင်ကမ္ဘာ ညီမ ကြင်နာမှ

စိတ်တွေလည်းပျော် ချစ်ရသူနော်

အလွမ်းမြစ်ထဲ လေလွင့်လို့လည်း

မဝဲပါရစေနဲ့ ရွက်ကြွေတောမှာ

အကိုတို့ နှစ်ယောက်

ခွဲရရက်ရှည် ကြာလွန်းနေလည်း 

အလွမ်းလှိုင်းထိ လွမ်းမှိုင်းမိတောင်

မြင်မြင်စေရာ ညီမ ရုပ်လွှာပါ .......


မြလွှာအသည်း တစ်ဘဝစာမြဲဖို့ 

တစ်ခဏသာ မတွဲခြင်ပါဘူး 

သမုဒယ ဆိုတဲ့ ချစ်ကြိုးတစ်မျှင်

ရစ်ပတ်ခါ တွယ်ငင်လို့ 

သစ္စာတရား မေတ္တာပွားရင်း

ကြင်နာတက်တဲ့ အသည်းနဲ့ 

ထာဝရ ချစ်တယ် ညီမလေး ရယ် ..... 

Friday, December 14, 2012

♥ ကြာ ခဲ့ ပြီ ♥


 
အကြင်နာရဆုံးသူရဲ့



အကြင်နာတွေကိုမှ



တမ်းတမှန်းစ သတိရလို့




ရင်ထဲမှာအချိန်တိုင်း လွမ်းတယ် .....





ပူလောင်ကာနွမ်း အသဲလည်းကျွမ်း




ဖြေလည်းမပြေနိင် မျက်ရည်မိုးတွေလှိုင်




အချစ်ဆုံးမို့ ချစ်မဝနိင်




ခွန်းအားများနဲ့ သက်ဆုံးတိုင်




ရင်ထဲမှာနစ် ချစ် ချစ် ချစ် ....





ဘယ်လိုပင်မုန်းမုန်း




ဘယ်လို့ပင်ပြုံးပြုံး




ဘယ်လိုပင်မေ့မေ့




ဘယ်လောက်ပင် ဝေးဝေး




အချစ်ဆုံးမို့ မမုန်းရက်နိင်ပါ ....





မေ စိမ်းကားသလို




မောင် မစိမ်းကာနိင်ဘူး




မေ ရက်စက်သလို




မောင် မရက်စက်နိင်ဘူး




မေ ပြောင်းလည်းသလို




မောင် မပြောင်းလည်းနိင်ဘူး




မေ ပြစ်ရက်တယ် ဟာ .....





အကြင်နာတွေနဲ့ ခိုင်ခိုင်မြဲတဲ့




တွဲလက်ကို မေ ဖြုတ်လို့




သစ္စာဖောက်သူကြီးရယ်




နွေကန္တာလို မုန်းစကားဆိုတော့




ဩော် ရက်စက်လိုက်တာလို့




မပြောတော့ ပါဘူး




ရင်ထဲမှာ မချီလို့




တမ်းတသူ ဒီမောင်အသည်းမှာ




ငို ခြင်းတွေ ရှည်ကြာနေတာတော့ 




ကြာပြီ ကြာပြီ ကြာခဲ့ပါပြီ




ချစ်သူရေ ..................