ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 23, 2015

U 19 သို့


U 19 သို့
+++++

ကမ္ဘာ အလယ်မှာ 
မြန်မာ ဟေ့ရယ်လို့
ဇမ္ဇြူမှာ ညီလေးတို့က
ဟစ်ကြွေး ခဲ့လေသလား ...

ပြည်သူရယ် သန်း၆၀ရှေ့မှာမှ
စည်းလုံးမှု့ခွန်အားတွေ
ညီလေးတို့ ပြခဲ့လေသလား ...

နယူး ဆိုတဲ့ ဇီလန် ကြီးမှာ
အသက်၂၀ ကမ္ဘာဖလားရယ်သို့
ပြုံးပန်းတွေ ဝေဆာစွာနဲ့
အိမ်မက်တွေ ယူကာပေးလေသလား ...

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ကွင်းမှာမှ
လှေတက်ကြီးကျန် အလံဘယ်မလဲ
တက်ကျိုးရင် လက်ရိုးနဲ့လှော်မယ်
တူညီစွာ ပေါင်းစုအားတွေနဲ့
UAE ကို အလဲထိုးကာ
အသည်း ထဲကပိုးတွေဖြင့်
ရွှေမြန်မာဆိုတာ ပြခဲ့လေသလား ...

ဂုဏ်ယူတယ် ညီလေးတို့
လေးစားတယ် ညီလေးတို့
အားပေးတယ် ညီလေးတို့
တွဲလက်တွေ မြဲမြန်စွာနဲ့
ပြည်သူတွေ နောက်မှာရှိတယ်
ကမ္ဘာဖလား ဝင်ခွင့်ရတာနဲ့တင်
မင်းတို့ မင်းတို့ အားလုံးကို
ရိုးသားစွာ ဦးညွှတ်လိုက်တယ်
U19 ဆိုသော ညီလေးတို့ရယ် ... ။ ။


#ချစ်ရသူလှိုင်မင်း

(U-19 ညီငယ်လေးများအားလုံးသို့ ဂုဏ်ပြုအပ်ပါသည်)
ကမ္ဘာဖလား ဝင်ခွင့်ရတုန်းကရေးထားတာလေးပါ

U19 နည်းပြချူပ်သို့


U19 နည်းပြချူပ်သို့
++++++++++



ဩော်
ဘာသာ ရယ် မတူ
လူမျိုး ရယ် ခြားပေမယ့်
ကမ္ဘာ အလယ်မှာ
ဝံ့ကြွားစေတော့ရယ်လို့
ဟစ်ကြွေးကာ ပေးခဲ့သူ .....

နှာတံဖြူ
ပရိယာယ် များလေသလား
ကစားကွက်ကို နှစ်ထပ်ဖော်
အပြတ်စော် U... A ... E 
မြေသိမ့်လို့ ဟီး ...

အရှေ့တောင် အာရှကျားတွေသို့
နယူးဇီလန် ပြည်ဝင်ခွင့်ကိုတော့
မျက်နှာငယ် တို့များကိုဖြင့်
လမ်းဖွင့်လို့ ပေးခဲ့ပြီ
သူပေးတဲ့ အလင်းရောင်
သိပ်မကြာ ၂၀၁၅မှာလေ
မြန်မာတွေ ကမ္ဘာမှာနွဲ့မယ်
ကဲ ပြုံးလို့ပျော်လိုက်စမ်း ... ။ ။


(ယူ၁၉နည်းပြချူပ်သို့ ဂုဏ်ပြုအပ်ပါသည်)
ကမ္ဘာဖလား ဝင်ခွင့်ရတုန်းကရေးထားတာလေးပါ


မင်္ဂလာပါ



မင်္ဂလာပါ
+++++

မှောင်ရိပ်ပယ်၍
ရောင်နီသန်းကာ 
ထက်ကောင်းတစ်ခွင်
နေခြည်သန်းလို့ လာခဲ့ပြီ ။

ရွာဦးကျောင်းမှ
နရီအုန်းမောင်း
ရွေ့ကာပြောင်းလို့
လေးချက်စည်လည်း မြည်ခဲ့ပြီ ။

လေးတွင်သင်းပျံ့
ပန်းရနံ့ဖြင့်
ဆီမီးပူဇော်
ညွှပ်တွားကော်လို့
စိတ်တွင်းမှာလည်း ကြည်ခဲ့ပြီ ။

ဗုဒ္ဓဟောကြား မြတ်တရားဖြင့်
မိခင်ဖခင် ကျေးဇူးရှင်နဲ့
လူမင်းနတ်မင်း လုံးစုံမကျန်
ပို့ဝေအမျှ ကုသလကို
ရကြပါစေ အမျှဝေရင်း
အတ္တကိုခွာ မာနလွှာလို့
မင်္ဂလာနံနက် ပို့သလျှက် .....။ ။

ညီလေး သို့



ညီလေး သို့
++++++

ညီလေးရေ
ကဗျာ မဆန် ကာရံ မလှလို့များ
စိတ်အတွေးမှာ အားငယ်နေသလား
အဲတာ
ဘဝမဟုတ်ဘူး ညီလေးရယ် .....

စိတ်နေစိတ်ထား မြင့်မြတ်နှလုံးသားနဲ့
ကြီးသူရိုသေ ငယ်သူသနား
ရွယ်တူလေးစား မှ လူ အစစ်လေ
ကူညီတတ်ပါစေ
ရိုင်းပင်းတတ်ပါစေ
ပေးဝေတတ်ပါစေ
မိဘကျေးဇူး သိတတ်ပါစေ
လူ့ တန်ဖိုးဆိုတာက
ဆင်းရဲတာ အလကား
ချမ်းသာတာ အလကား
ရုပ်နာမ် အလှတွေနဲ့
အကိုတို့တွေကလေ
အပုတ်ကောင်ဘဝတွေပါ
တော်ပီ ညီလေးရေ
စင်ပေါ်မှာ အသာရတဲ့
ပကာသနတွေကို လွှတ်ပြစ်လိုက်
အဲတာတွေက ဘဝ မှ မဟုတ်တာ
ဒါလေးတွေကို ငါ့ ညီနားလည်ရင်
ကျေ နပ် ပြီ ..... ။ ။

ကျေးဇူးပြုလို့

ကျေးဇူးပြုလို့
+++++++

အာဏာ ရမ္မက် အဆိပ်တွေကတော့
တော မြို့ မကျန် မီးခိုးကြွက်လျှောက်ပဲ ...


ဘယ်သူသေသေ ငတေမာပြီးရော
သိုက်တူးသမားတွေကလည်း ဒု နဲ့ ဒေး ...

ဇမ္မြူဒီပါ လက်ယာတောင်ကျွန်းမှာမှ
သြဘာ နိမိတ် ထွန်းခဲ့သောနိင်ငံက
ရောင်ခြည်တော်တွေ ဆိတ်သုန်းလို့
မှောင်အတိကျခဲ့ရတာ ငြိမ်းချမ်းမှု့တွေ
အားလုံးပျောက်ကွယ်ခဲ့ရလို့များလား .....

ရှင်ခြင်းနဲ့သေခြင်း ကြားမှာ
သေခြာစွာ ငါတို့ မသိလိုက်ရဘူး
သူတို့ သူတို့ တွေက
သက္ကရာဇ်တွေကို ဝါးမျိုးလာခဲ့ကြတာ
မျိုးဆက်သစ်လူငယ်တွေ အတွက်တော့
အနာဂတ် တောတွေပြုန်းသွားသလိုမျိုးပဲ ....

အတိတ်ထဲ သေနေတဲ့ ငါတို့ဘဝတွေ
မိုးလင်းခြင်း အဓိပ္ပါယ်တွေကို ကောင်းစွာ မြင်ပါရစေ
အိပ်တန်းပြန် ငှက်တွေလို လွပ်လပ်စွာ အိပ်စက်ပါရစေ
ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း တို့ရဲ့
မေတ္တာအပြုံးပန်းတွေ သေအထိ မြင်တွေ့ပါရစေ
ခေတ် ဆိုတာကို စကားလုံး ပေါင်းတတ်ပေမယ့်
စနစ်ဆိုးခေတ်ဆိုးကြီးထဲက လွတ်မြောက်ပါရစေ
သေနပ်သံတွေ တိတ်လို့ ခေါင်းလောင်းသံတွေ လှိုင်ပေးကြပါ
ကျောသားရင်သားမခွဲခြားပဲ မေတ္တာတရားတွေထားပေးကြပါ
အမှောင်ခွင်းလို့ အလင်းရောင်တွေ ပြပေးကြပါ
လူကိုလူခြင်း တန်ဖိုးလေးတွေ ထားပေးကြပါ
ငါတို့ ငါတို့ တွေ
ပြုံပန်းပြိုင်လို့ မေတ္တာပုလဲမိုးတို့ ရွာပါရစေ ..... ။ ။


သူ သိ စေ

သူ သိ စေ 
+++++

အတုံ အလှည့်တွေနဲ့
သံသရာ ဘဝဝဲမှာမှ
ဩော်
အတိတ် ကံကြမ္မာရယ်
နည်းခဲ့လေသလားကွယ် ....

ချစ်တာသိပြီး
သစ္စာမရှိသူတွေ အရပ်မှာမှ
ဆွမ်းခံရင်း အဆိပ်သင့်ခဲ့လေသလား

သံယောဇဉ် အမျှင်တန်းတွေလည်း
ရှင်ခန်းပင် ဖြတ်လိုက်စမ်းချင်ရဲ့
သည်အပူ ဒြပ်ထုအားရယ်က
နွယ်ပင်လို တွယ်ငင်တိုးလေသလား

နှောင်ဖွဲ့စွာ မြတ်နိုးမိလို့
စွဲလန်းစွာ ချစ်မိမှတော့
ဩော်
ချစ်သမျှကျွံ ကိုယ့်အလွန်ပေါ့
အချစ်ရယ် ... ။ ။

သူ သိပါမလား



သူ သိပါမလား
++++++++

ပမ်း သ မျှ
ပြေ ပျောက် စေ မယ့်
သူ ဆို သော
လူ တစ် ယောက် ရယ် က
ငါ့ အ ပါး မှာ မှ
မ ရှိ တော့ တာ လေ
ပန်း မ ဟုတ် သော် ညား
ငါ့ ရင် မှာ
စမ်း မ ဟုတ် တာ ကို တော့
ဘယ် သူ မြင် ဘယ် သူ သိ မ လဲ
အ ချစ် ရယ် ။ ။